Unicodeသူကြီး...လင်
16
လက်ရာကိုမြင်ပြီးသေသွားတယ်
ဆိုတဲ့ကြက်တွေကိုကြည့်ပြီး
အာဏာသက်ပြင်သာချလိုက်မိတော့သည်။
ရှေ့လူကြီးတွေပြောသလို
သက်ပြင်းတစ်ခါချလို့အသက်တစ်ရက်တို
မယ်ဆိုရင်အာဏာခွန်းဆက်ဆိုတဲ့လူသူကြီးအဖြစ်နဲ့
ဒီရွာမှာရှိတော့မှာတောင်မဟုတ်ဘူး။
လင်းလက်ရာဆိုတဲ့ရွားသားတစ်ယောက်
စတင်အရွယ်ရောက်ကတည်းကရွာမှာ
ရှာလိုက်တဲ့ပြသနာဟာ..ခေါင်းမွှေး
ပြောင်းမတတ်ဘဲ။ အခု
ကိုယ့်အိမ်သူဖြစ်လာလို့..အသက်ရူ
ရှောင်မလားမှတ်တယ်..ပိုလို့တောင်
ဆိုးနေသေးတယ်။အခုလည်းကြည့်..သူလုပ်ခြင်ရာလုပ်ပြီး
မျက်နှာငယ်လေးနဲ့ဂျောင်မှာသွားကပ်နေတာ
စိတ်ရှိတိုင်းသာဆိုအသားတစ်ခြား
အရိုးတစ်ခြားဖြစ်နေလောက်ပြီ။" အဖေ.သမီးတို့တစ်ကယ်ပြောတာ
လက်ရာ..ခြံထဲဝင်ရုံဘဲဝင်သေးတယ်
ကြက်တွေက လေဖလူးဖလဲနဲ့
ထပျံပြီး..ေသကုန်ကြတာ''" ဟုတ်..ဟုတ်တယ်..ဦး
သား..တစ်ကယ်..ဘားမြမလုပ်ဘူး''အမယ်..ဂျောင်ကပ်ပုန်းပြီး။သူ့ကိုသူ
ကျသားတဲ့။ငနဲသားလေး။
လုပ်ခြင်ရာလုပ်ပြီးမျက်နှာငယ်လေးနဲ့
အသနားခံရမယ်လို့ဘယ်သူ့ဆီမှာများ
သွားသင်ထားသလဲမသိဘူး။" ဖြစ်ပြီးတော့ကော..ငါဘာလုပ်နိုင်မှာမို့
အဲ့လောက်ရှင်းပြနေရတာလည်း
မင်းတို့မမှားဘူးသိလား.
ငါ့ကြက်ကိုမင်းတို့ခိုးမှာသိသိကြီးနဲ့
အပြင်ထွက်ပြီးအရှက်မရှိဟော့ဒီအရက်
သွားဝယ်ပေးတဲ့..ငါကမှားဒါ''အာဏာ့စကားကြောင့်နှင်းနွယ်နဲ့လက်ရာ
တစ်ယောက်နဲ့တစ်ယောက်အကြည့်ဆုံကာ
မျက်လုံးပြူးနေကြတော့သည်။" အဖေ..သိတယ်..''
" ဦး..သိနေတယ်ပေါ့..''
အံ့သြသံတွေကိုယ်စီနဲ့
နှစ်ကောင်ကိုအာဏာစိတ်ရှိတိုင်း
ထုရိုက်ပြီးငါးချဉ်သာတိတ်ပြစ်ခြင်နေတော့သည်။" ဦး...ဦး..သားကိုမရိုက်နဲ့နော်
ရိုက်ခြင်ရင်..နှင်းနွယ်ကိုရိုက်..''