Part-4

19.2K 1.1K 70
                                    


Unicode

သူကြီး..လင်

Part-4

" လုံးဝ မဖြစ်နိုင်ဘူး...လင်းလက်ရာ
အမေလုံးဝ တောင်းမပေးနိုင်ဘူး''! !

" အမေ့ ဒါသားကို စိမ်ခေါ်နေတာလား
သားလိုလူက လိုခြင်တာ မရရင်
ဘယ်လို တုန့်ပြန်တတ်တယ်ဆိုတာ
သားကိုမွေးထားတဲ့ အမေ ကောင်းကောင်း
သိပါတယ်...သားကို စိမ်မခေါ်နဲ့..''

" စိမ်ခေါ်တာ မခေါ်တာ..အမေမသိဘူး..
တစ်ခြားတစ်ယောက်ဆို အမေ
လိုက်တောင်းပေးလိုက်မယ်..
သူကြီးဆိုရင်တော့အမေလုံးဝ
သဘောမတူဘူး...''

အကြောက်အကန်ညင်းနေတဲ့ အမေ့ကို
လက်ရာ စဥ်းစားလို့ကိုမရတော့။

" ဘာလို့ သူကြီးနဲ့သဘောမတူရတာလဲ
အမေ ။သားလက်ခံနိုင်တဲ့အကြောင်း
ပြချက်ပေးကြည့် ''

လက်ရာပြောလိုက်တော့ ပြန်ကြည့်
ပြီဖြေလာတဲ့အမေ့အဖြေက
ရွာနောက်က အင်းထဲ ခုန်ချပြီး
သတ်သေခြင်စိတ်ပါပေါက်သွားတယ်။

ပြောပုံကိုလည်းနားထောင်ကြည့်လေ။

" သူကြီးကို မင်းနဲ့ပေးစားရမှာနှမြောလို့ ''တဲ့။

ဒါအမေတစ်ယောက်ကသားကိုပြောသင့်တဲ့
စကားလား။  ?? ကိုယ့်သားကိုကြနှမြော
တယ် မပြောဘဲ သူကြီးကိုကျမှ
သွားနှမြောနေတယ်။မသိရင်ဖြင့်
လင်းလက်ရာဆိုတဲ့ ကိုယ်ကဘဲ
သူကြီးကိုယူပြီးရင်အစိမ်းလိုက်ဝါးစားမှာ
ကြလို့။

" နှမြောဒါတွေ မနှမြောဒါတွေ သားမသိဘူး
သားသိတာက...အမေမတောင်းပေးလဲ
သားနည်းလမ်းနဲ့သား..သူကြီးကို
ရအောင်ယူမှာဘဲ...''

" လင်း..လက်ရာ...''!!

" စိတ်မပူပါနဲ့အမေ...သူကြီအာဏာခွန်းဆက်က
ဟဲဟဲ...အမေ့သားအပိုင်ဖြစ်ကိုဖြစ်လာစေရမယ်
သားအသိပေးပြီးပြီနော်...ပြီးတော့မှ..
အသိမပေးဘူး..ဘာလေးညာလေး
လာမပြောနဲ့...ပြီးတော့လင်းလက်ရာတို့က
အသိပေးပြီးရင်လဲ ရအောင်ယူတတ်တယ်နော်''

ပြောပုံကိုကြည့်ကြပါအုန်း။
ကိုယ့်ကို မွေးထားတဲ့ အမေဆိုတာကော
မှတ်မိသေးရဲ့လားမသိဘူး။
ပြောနေလိုက်တာများ..မသိရင်
သူကဘဲ ကိုယ့်ကမွေးထားသလိုလို။
အသိပေးပြီးပြီနော်တဲ့။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now