Unicode
Unicode
လက်ရာအိပ်ယာနိုးတော့နံဘေးမှာ
မောင်ရှိမနေတော့ပေ။နေ့လယ်နေအတော်မြင့်နေပြီမို့
မောင်အိပ်ယာထသွားဒါဖြစ်လိမ့်မည်။
လက်ရာအနည်းငယ်သာထွက်လာသေးတဲ့
ဗိုက်လုံးလေးကို ပွတ်၍ အိပ်ယာထပြီး
အခန်းထဲကထွက်ခဲ့လိုက်သည်။အခန်းအပြင်မှာ ကွေးကွေးလေး
အိပ်ပျော်နေတဲ့ထွေးနုကို
အလယ်တည့်တည့်ကြခွကျော်လိုက်ပြီး
မီးဖိုခန်းဘက်လာခဲ့လိုက်တယ်။မရတော့ဘူး။ဗိုက်အတော်ဆာနေပြီ။
ဝါးနှီးနဲ့ရက်လုပ်ထားတဲ့
အုပ်ဆောင်းကြီးကိုဖွင့်လိုက်တော့
ချက်ထားတဲ့ဟင်းတွေကသရည်ကျခြင်စရာ။
ကဇွန်းရွက်ကြော်။ငါးခူနဲ့ချဥ်ပေါင်
အုပ်ချက်။ ပြီးရည်သူသိပ်စားခြင်နေပါသော
ကြာရိုးဟင်းရည်။ဒါတင်မက။
ထမင်းကိုပါငါးခြောက်အစပ်ကြော်လေးနဲ့
နှယ်ထားပေးသေးတာ။လက်ရာလက်ဆေးရည်ဇလုံထဲ
လက်နိုက်ဆေးပြီးစားမည်ပြင်လိုက်ချိန်။" ကလေး..'' !
မောင့် အသံကြောင့် လက်ရာလှည့်ကြည့်
လိုက်တော့အကျီအဖြူလက်ရှည်နဲ့
ပုဆိုးအပြာရောင်အကွပ်လေးကို
တွဲဝတ်ထားတဲ့မောင်ကပြေပစ်လှတဲ့
ခန္ဓာကိုယ်အချိုးအစားနဲ့
လိုက်ဖက်လွန်းစွာသူ့အကြည့်တွေ
မဖယ်ခွာနိုင်လောက်အောင်ချောနေလွန်းတယ်။" ကလေး..ထမင်းစားမလို့လား''?
မောင့်စကားသံကြားမှအသိပြန်ဝင်လာမိတဲ့သူ
ခေါင်းကိုအမြန်ငြိမ့်လိုက်တော့
မောင်ကသူ့ပါးချိုင့်ခွတွေပေါ်အောင်
ပြုံးပြနေတယ်။အား..!! ရူးတော့မှာဘဲ
ဒီမောင်အစုတ်အပြတ်ကြီးနဲ့ကတော့။
ဘာလို့အဲ့လောက်ချောနေမှန်းမသိဘူး။ကိုယ့်ငါးချည် ကိုပြန်ချဥ်နေတဲ့
လက်ရာ။ကိုယ့်ယောကျာ်းကို
အငေးပြန်လွန်နေတဲ အဖြစ်ကို
ပြန်တွေမိရင်းခေါင်းကိုအောက်ငုံထားလိုက်သည်။ဘာလို့ဆိုသူ့မျက်နှာကြီးက
နှာဘူးတစ်ယောက်လိုနီရဲနေတော့မှာ
သူသာအသိမို့လေ။ မောင့်ကိုငေးမိတာ
သူမပြောရင်မောင်မသိနိုင်ဘူး။နီရဲနေတဲ့
မျက်နှာကြီးမြင်ရင်တော့သိကိုသိတော့မယ်။