Unicode19
မျိုးမင်းအလောင်းကို
အိမ်ပြန်သယ်သွားကြပြီ
ဖြစ်၍ အာဏာအိမ်ရှေ့ကွမ်းပျစ်မှာ
ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။သူ့ကလေးငယ်ကရှင်းပြမရအောင်
အထင်လွှဲသွားလေပြီ။
စီးကျလာတဲ့မျက်ရည်တွေကို
မသုတ်ဖယ်မိဘဲ..ငူငိုင်ငိုင်ကြီးသာ
ဖြစ်နေလေသည်။" ဘယ်လိုလည်း..အကို..''
ခပ်ရွဲ့ရွဲ့မေးခွန်းသံကြောင့်
အာဏာဒေါသဖြင့်မော့ကြည့်
ကာ..မျက်နှာပြောင်တိုက်လွန်းလှတဲ့
ထိုလူ့မျက်နှာကို...အချိန်ပြင်းပြင်း
ထိုးချပစ်လိုက်သည်။" ခွပ်.. !!''
" အကို...''
" မင့်ကိုမထိနဲ့လို...ငါသတိပေးခဲ့တယ်..
မင်းဘာလို့သတ်လိုက်တာလည်း..
ဘာလို့အဲ့လောက်ယုတ်မာရတာလည်း''" လာထိလို့လေ..ကျွန်တော်မြတ်နိုးတဲ့
လူတွေက်ိုလာထိလို့သတ်တာ..''သွေးအေးအေးအပြုံးနဲ့ပြန်ဖြေလာတဲ့
ဖိုးသောက်ကြောင့်အာဏာ
နားမလယ်စွာဖြစ်သွားရသည်။
လူတစ်ယောက်လုံးသတ်ထားဒါတောင်
သွေးအေးစွာပြုံးနိုင်လွန်းတယ်။" ဖိုးသောက်...မင့်ကိုဘာလို့
လင်းလက်ရာမုန်းသလဲ
ငါနားလယ်သွားပြီ...မင်းက
သိပ်ကြောက်ဖို့ကောင်းတဲ့ကောင်ဘဲ''" ဟက်...အသိနောက်ကျသွားပြီ
အကို...အကိုသိတဲ့အချိန်ကအရမ်းကို
နောက်ကျသွားပြီ..မနေ့ညက
အကိုလုပ်ခဲ့တဲ့လုပ်ရပ်အတွက်
နှင်းနွယ်ကိုကျွန်တော်ခေါ်ထားရလိမ့်မယ်''" ဖိုးသောက်... ''!!
" အကို့..အပစ်နဲ့အကိုဘဲ...ကျွန်တော့ကို
သစ္စာဖောက်ရင်..ဘယ်လောက်ဘဲ
ခင်မင်ခင်မင်..ရက်စက်သင့်ရင်ရက်စက်
ရလိမ့်မယ်..အကို့..သမီးကိုပြန်
လိုချင်ရင်ကျွန်တော်မြတ်နိုးတဲ့အရာ
ကိုပြန်ရှာခဲ့ပေး...အဲ့ဒါဆိုကျွန်တော်
အကို့သမီးကိုအကို့ဆီပြန်ပေးပေးမယ်
ပြန်ရှာမပေးနိုင်ရင်တော့..အကို့သမီးရဲ့
ကံကြမ္မာကိုကျွန်တော်ကိုယ်တိုင်ဆေးခြယ်ရ
လိမ့်မယ်''လက်ရာ..မင်းမသိခဲ့ဘူး။မင့်ကိုကာကွယ်ဖို့။
မင်းချစ်တဲ့လူတွေမထိခိုက်ဖို့။ကိုယ်ရင်းနှီးခဲ့ရတဲ့
အရင်းအနှီးကဘယ်လောက်ကြီးတယ်ဆိုတာ။