|| 50 ||

13K 598 16
                                    

Unicode

" ထက်မြက်ကျော် ''!

" အကို.. ''!

ခြံထဲမှာတစ်ယောက်ထဲထိုင်ပြီး
ငိုင်နေသူအနားဖိုးသောက်သွား
ရပ်လိုက်တော့ထိုင်နေရာက
ထကာမျက်နှာခြင်းဆိုင်လာသူ။

" ဘာလုပ်နေတာလည်း..
မျက်နှာလည်းမကောင်းဘူး
ဘာစိတ်ညစ်နေစရာရှိလို့လည်း
တစ်ကယ်ဆိုစိတ်ညစ်ရမဲ့လူက
အကိုလို့ထင်သာဘဲ''

အကိုပြောတာလည်းဟုတ်သည်။
အခုလိုအခြေအနေမျိုးမှာစိတ်ညစ်
ရမဲ့လူကအကိုသာဖြစ်သင့်သည်။
သူ့လိုအချစ်အတွက်ခံစားနေတဲ့
လူနဲ့စာရင်အကိုသာအကို့အဖေ
ဦးထွန်းသောက်ကြောင့်ပိုလို့စိတ်ညစ်
နေနိုင်သည်။

သူ့ကိုသာအကြည့်အရွှေ့ဘဲ
ကျောက်ရုတ်တစ်ရုတ်လို့
ရပ်နေတဲ့ကောင်လေးကြောင့်
ဖိုးသောက်ထိုကောင်လေးရဲ့
လက်ကိုဆွဲယူကာဆုတ်ကိုင်လိုက်၏။

တစ်ခါမှဒီပုံစံမဆက်ဆံဖူးခဲ့လို့လား
မသိ။တစ်ချက်တွန့်ကာသူ့ကို
ပြူးပြူးလေးမော်ကြည့်နေပြန်သူ
ကြောင့်သူအရင်ကဒီကောင်လေး
အပေါ်မာမာကျောကျောဆက်ဆံခဲ့
မိသာကိုပြန်တွေးမိပြီးနှလုံးသားထံက
တစ်ဆစ်ဆစ်ထိုးတက်လာရသည်။

" အကို့ ကိုမုန်းနေပြီမလား''?

" ဗျာ.. ''

သူမေးသင့်တယ်မလား။အရင်က
ဒီကောင်လေးအပေါ်သူဆက်ဆံ
ခဲ့တာကနှလုံးမရှိတဲ့လူတစ်ယောက်
ထက်တောင်ဆိုးဝါးခဲ့တယ်လေး။

" ကျွန်တော် အကို့ကို ဘယ်တုန်းကမှ
မမုန်းဖူးဘူး..ကျွန်တော်အကို့ကို
​ချစ်ဘဲချစ်ခဲ့တာပါအကို''

" ထက်မြက်ကျော်''

" ကျွန်တော် ဒီရွာရောက်တော့
သိခဲ့တယ်အကို...ကိုလင်းလက်ရာကို
အကိုဘာလို့အဲ့လောက်အထိချစ်နေလည်း
ဆိုတာ .အကိုလင်းလက်ရာက
သက်ရှိအရုပ်ကလေးအတိုင်းဘဲ
သိပ်ကိုချစ်ဖို့ကောင်းလွန်းတာကို..
ကျွန်တော့်လိုရုပ်ဆိုးတဲ့ကောင်လေး
မဟုတ်ဘူးလေ''

''.... ''

အပြုံးတုလေးတွေနဲ့မျက်ဝန်း
ထက်ကအရည်ကြည်တွေရစ်ဝဲကာ
ပြောနေသူလေးမှာဘယ်လောက်အထိ
နာကျည်ခဲ့ရမလည်းမေးနေစရာအင်မလို။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now