Unicode
17
" ကိုမျိုးမင်း..ခများမပြန်နိုင်သေးဘူးလား''?
" ဘာလို့အဲ့လောက်နှင်နေတာလည်း
ကောင်းကောင်း...မင့်အဖေကြီးတောင်
ငါ့ကိုနေခွင့်ပြုထားဒါ..
ဘာတွေအဲ့လာက်တွန့်တိုနေတာလည်း..''" တွန့်တိုနေတာမဟုတ်ဘူး...
ခများရှိတော့..ကျုပ်တို့ထန်းတော..
လူမလာတော့ဘူးဗျ..ဟိုဘက်ထန်းတစ်ပင်
ရွာဘဲလူတွေသွားကုန်ကြပြီ''" ဟိုက်...အဲ့ဒါ..ငါနဲ့ဘာဆိုင်လို့လည်း''
" ဆိုင်ဒါပေါ့..ခများကတစ်ရွာလုံး
ကြောက်ရတဲ့လူဆိုးကြီးလေ...
လူဆိုးကြီးရှိတဲ့ဒီနေရာကို
ဘယ်ရွာသားကထန်းရည်လာသောက်ရဲမှာလည်း
အဖေခများကိုနေခိုင်းတယ်ဆိုတာလည်း
ဒါကြောင့်ဘဲဖြစ်မယ်...ခများကိုကြောက်လို့
မနေ့ကသူကြီးကတော်..အဲ..သူကြီးလင်
ပြောသလို..ထန်းရည်ဆိုင်ကိုဖျက်စီးပစ်မှာ
စိုးလို့''" သူကြီးလင်...လင်းလက်ရာကိုပြောတာလား''
" သူဘဲရှိတာလေ..ဘယ်သူရှိလို့လည်း''
ကောင်းကောင်းက..ရုပ်ချောချောအသားသား
ဖြူဖြူကောင်လေးတစ်တော့
မဟုတ်ဘူး.. .။ အသားညိုညို
ပိန်ပိန်သေးသေး..နဖူးမောက်မောက်
နရောင်ကောက်ကောက်နဲရုပ်ဆိုးတဲ့
အထဲပါတဲ့ကောင်လေးမျိုး။ဆံပင်ကို
အုပ်အုပ်ကလေးအရှည်ထားထားပြီး
နှုတ်သီးကောင်းလျှာပါးထက်သူလေး။
ထန်းရည်ရောင်းတော့လည်း
အမူးသမားတွေရစ်တဲ့ဒဏ်ကလွှတ်အောင်
စကားကိုလျှာပါးလေးနဲ့ရန်လိုရန်ရှာ
တွက်တွက်ကလေးပြောတတ်သည်။ဒါပေမဲ့..မျိုးမင်း...သူ့ကိုလိုက်နေတာ
လက်ရာ..သူကြီးနဲ့မရခင်ကတည်းကဘဲ။
သူမှာကြိုက်တဲ့လူရှိတယ်ဆိုပြီး
ညင်းနေတာနှစ်တောင်ချီပြီ။
သူကြိုက်တဲ့လူကဘယ်သူမှန်း
အခုထိမသိရေသးဘူး။" ကောင်းကောင်း... ''
" သူကြီး...ဟင်...ကိုကြီး..''
ကိုကြီးဆိုပြီးရွှင်လန်းစွာခေါ်လိုက်တဲ့
ထိုလူကိုမျိုးမင်းကြည့်လိုက်ချိန်။ဖိုးသောက်...တဏှာရူး..။
" ကောင်လေး..နေကောင်းတယ်နော်''