Unicode26
လက်ရာတက်တဲ့အခါတက်ပြီး
ထုံးစံအတိုင်းပြန်ဆင်းချိန်မှာတော့
မဆင်းတတ်ဖြစ်ကာ မျက်နှာကြီးရှုံ့မဲ့နေတော့သည်။" ကျစ်..!! အမြင့်ကြီးဘဲဟ။
ဒီလိုမြင့်ပုံနဲ့
မျက်လုံးမှိတ်ပြီးဆင်းရတော့မှာလား'အမြင့်ကိုမြင်ရလေ ကြောက်စိတ်က
ပိုလေဖြစ်နေတာနဲ့မျက်လုံးမှိတ်ပြီးဆင်ရမလို
ဖြစ်နေတဲ့လက်ရာ။" မှတ်ပြီလား..ယောကျာ်စကားမထောင်ခြင်တဲ့ကောင်
မန်ကျည်းပင်ပေါ်မှာညအိပ်စမ်း..
ဟင့်..ညအိပ်ဆိုလည်းအိပ်နိုင်တယ်..
မနေနိုင်တာကထွေးနုသုတ်လာမဲ့
ကြာရိုးသုတ်ကိုစားခြင်နေတဲ့စိတ်
ငါနှယ်နော်...အစွမ်းဒါရှိလို့ကတော့
မန်ကျည်းပင်နဲ့မြေကြီးတစ်ထွာတောင်
မဝေးအောင်လုပ်ပြစ်လိုက်ပြီ''" ဟင့်..အရေးထဲကအရာ..သရက်ယိုက
ကုန်ပြီ...အီး...ရေဆာတယ်..''လက်ရာတစ်ယောက်မန်းကျည်းပင်ပေါ်
ထိုင်၍ ငိုလိုက်မဲ့လိုက်လုက်နေတော့လေသည်။" အော်...ထင်တဲ့အတိုင်းဘဲ..
မန်ကျည်းပင်ပေါ်ရောက်နေတာကို''" ထွေး..ထွေးနု ''
" ဆင်းခဲ့...လက်ရာ..သူကြီး
ပြန်ရောက်လာလို့မင့်အပင်ပေါ်တက်သာ
သိသွားရင် မင့်သူငယ်ချင်းထွေးနု
အနိစ္စသဘောနဲ့ ကိစ္စချောပြီသာ
မှတ်လိုက်တော့''" ဟီးအီး...အဲ့ဒါမှခက်တာ
ငါ..ငါမဆင်းတတ်တော့ဘူး''" ဘာ..!! "
တ်အိမ်လုံးပတ်ရှာတာ လက်ရာရဲ့အရိပ်
အယောက်တောင်မတွေ့လို့
ရွာမန်ကျည်းပင်ဘက်ထွက်လာဒါ
ထင်တဲ့အတိုင်းကိုရွှေလက်ရာတို့က
နေမကောင်းခြင်တာတောင်အပင်ပေါ်ရောက်နေတာ။တော်သေးဒါပေါ့ သူကြီးကမသွားခင်
လက်ရာကမန်ကျည်းပင်ပေါ်တတ်ခြင်စိတ်
ခဏခဏပေါ်တတ်တာစောင့်ကြည့်ထားလို့
မှာသွားလို့။မဟုတ်ရင်ဒင်းကို
ဘယ်ဌာနေသွားရှာရအုန်းမလည်းမသိဘူး။အခုကြည့်အပင်ပေါ်တက်ခြင်စိတ်ကို
အလိုလိုက်ပြီးတက်သွားဒါအပြန်ပြန်မဆင်းတတ်
တော့ဘူးတဲ့။ ထွေးနု ဘယ်လိုလုပ်ပေးရတော့မှာလည်း။