Part-12

21K 1K 63
                                    


Unicode

သူကြီး..လင်

Part-12

" အမလေးတော်...လင်းလက်ရာ
ညည်းဘယ်လိုလုပ်လိုက်တာလဲ
ငါ့သမက် လေးတော့..လူပုံအလယ်
အရှက်ကွဲရကြီးရဲ့ ''

" ကွဲသင့်တယ်လေအမေ...
သားကိုအရှင်မထားဘူးလေး.
ဘာလေးကြိမ်းတဲ့လူ...
အရှက်ကွဲအောင်ကို တမင်လုပ်ခဲ့တာ''

" လင်းလက်ရာ..မင်းအရှက်ကွဲအောင်
လုပ်ခဲ့တဲ့လူက..မင့်ယောကျာ်း..မင့်အိမ်ဦး
နတ်ဆိုတာကော...သိသေးရဲ့လား''?

" ဟာ.!.အေမရာ..စိတ်တိုနေပါတယ်ဆို
နံဘေးကနေ ပေါက်ပေါက်ဘဲဖောက်
နေတော့တာဘဲ''

" ဟဲ့ငရိုင်းကောင်..ငါပေါက်ပေါက်ဖောက်တာ
မခံခြင်ရင်..အစထဲက ငါ့သမက်ကို
အရှက်ကွဲအောင်မလုပ်နဲ့လေ''

လက်ရာ..သမက်..သမက်ဖြစ်နေတဲ့အမေကို
စိတ်မရှည်တော့။ အိမ်ရှေ့မှာစကား
ထိုင်ပြောနေရာကထလိုက်ပြီး။

" သမက်..သမက်နဲ့..သမက်ကြီးဘဲ
သမက်နေတဲ့အမေ...အမေ့သမက်ကလေ
သားကိုသူ့သမီးနဲ့ယှဉ်ရင်ရှိတယ်လို့တောင်
ထင်ဒါမဟုတ်ဘူး...အိမ်ဦးနတ်..
အမေပြောသလို အဲ့လူကို သားရဲ့
အိမ်ဦးနတ်လို့မြင်စေချင်ရင်..အရင်ဆုံး
အိမ်ဦးနတ်ပီသအောင်လုပ်ခိုင်းလိုက်အုန်း''?

" ဟဲ့..ငါ့သမက်..ဘယ်နားမှာအိမ်ဦးနတ်
မပီသလိုလည်း..မင်းကသာ.
အိမ်ဦးနတ်ကိုအိမ်ဦးနတ်မှန်းမသိ
ရိုင်းစိုင်းနေတာ..ငါ့သမက်ကပြောစရာမလို
အောင်..အိမ်ဦးနတ်ပီသပြီသား''

" ဟာဗျာ...စိတ်ညစ်လို့ အိမ်ပြန်လာပါတယ်ဆိုမှ
သမက်...သမက်ဘဲထပ်နေတော့တာဘဲ
တော်ပြီဗျာအမေနဲ့မပြောတော့ဘူး
ဒီညသားအိမ်ပြန်မအိပ်ဘူးဒီမှာအိပ်မှာ..
ဒါဘဲ ''

လက်ရာအမေကို တစ်ခွန်းမကျန်ပြန်ပြောပြီး
ကိုယ့်အရင်အခန်းဆီလာခဲ့လိုက်သည်။

တစ်ကယ်ထဲ။ သမက်ဘဲ သမက်နေလိုက်တာ။
သူမွေးထားတဲ့သားကိုအရှင်မထားဘူးလို့
ကြိမ်းဝါးခဲ့တာတောင်သူ့သမက်က
အိမ်ဦးနတ်ပီသပြန်ရောတဲ့။
ပြောလိုက်ရင်တော့..လင်းလက်ရာရိုင်းတာ
လင်းလက်ရာရိုင်းတာနဲ့။ရိုင်းအောင်လုပ်တဲ
လူတွေကိုကျ မမြင်ကျဘဲ။

သူကြီး..လင်.. (unicode./ zawgyi) Wo Geschichten leben. Entdecke jetzt