Unicode
[ 22 ]
အညိုအမဲစွဲနေတဲ့မျက်နှာကို
နှင်းနွယ်...ငေးကြည့်နေလိုက်တယ်။
လူယုတ်မာတစ်ယောက်ရဲ့
မျက်နှာမှာအညိုအမဲကွက်တွေ
ထင်နေတာလောက်ကြည့်ရတာဇိန်
ရှိတာမရှိဘူး။သူ့ကိုအလင်းမရှိတဲ့ဒီနေရာမှာ
လက်ပြန်ကြိုးတုတ်ပြီးလှောင်ပိတ်ထား
ဒါဘယ်နှစ်ရက်ရှိပြီလည်း။
မနက်စာစားချိန်နဲ့ညနေစာစားချိန်မှသာ
မီးအလင်းကို မြင်ရတာတဲ့
သူ့ဘဝဟာမျက်ကန်းတစ်ယောက်နဲ့
မထူးခြားနားဘဲ။လှောင်ပိတ်ထားတဲ့ဒီရက်တွေအတွင်း
အရှေ့ကလူယုတ်မာသူ့ကိုလာတွေ့သာ
ဒီတစ်ကြိမ်ဟာဒုတိယအကြိမ်ဘဲ။
ပထမဆုံအကြိမ်လာတွေ့တုန်းက
မင်းသားတစ်ယောက်
လိုချောမောပြေပစ်တဲ့မျက်နှာထက်
အောင်နိုင်သူတစ်
ယောက်အပြုံးတွေ
တည်ရှိနိုင်သလောက်ဒီတစ်ကြိမ်မှာတော့
အကွက်လိုက်ညိုနေတဲ့လက်သီး
ရာတွေကြောင့်သူတောင်းစားသာသာ
ဒါလာတွေ့နိုင်တော့တယ်။ဒီမြင်ကိုမျက်စိအရှေ့ကပျောက်ကွယ်မသွားစေခြင်ဘူး။
သူ့ကိုဒီပုံစံနဲ့အရသာခံပြီးတစ်စိမ့်စိမ့်
ထိုင်ကြည့်ခြင်သေးတယ်။" သက်သောင့်သက်သာ
ရှိရဲ့လား...ညီမလေး..''" ဟက်!!... အဲ့စကားက
ကျွန်မမေးရမှာပါ..ဘယ်လိုလည်း
ပါးပြင်ကအညိုကွက်တွေက
သက်သောင့်သက်သာမှရှိရဲ့လား''?ကြိုးတုတ်ခံထားရတာတောင်
လေသံမာနိုင်သေးတဲ့သူမ..ကလည်း
သူကြီးသမီးဆိုတဲ့ဂုဏ်ပုဒ်နဲ့
ထိုက်တန်အောင်သတ္တိကဂုဏ်ပြု
လောက်စရာကောင်းလွန်းပါတယ်။" သိပ်ရှိတာပေါ့..သိရဲ့လား..
ဒီအညိုကွက်တွေဖြစ်အောင်
ဖန်တီးပေးခဲ့တဲ့လက်သီးပိုင်ရှင်က
သိပ်လှတယ်ဆိုတာ...လှယုံတင်မကဘူး
သူ့ဆဲသံလေးကအစချိုမှိန်နေတာ..
ရင်ထဲအထိအေးချမ်းသွားဒါဘဲ''" လိုက်ဖက်ပါပေတယ်..လက်ရာပြောပြော
နေတဲ့တဏှာရူးဆိုတဲ့ဂုဏ်ပုဒ်နဲ့
သိပ်လည်းစိတ်ကူးယဥ်မနေနဲ့
ဖိုးသောက်... မင်းမြတ်နိုးတဲ့လူက
မင့်ဆီဘယ်တော့မှရောက်လာမှာမဟုတ်ဘူး''