|| 25 ||

15.3K 778 24
                                    

Unicode

ဒီနေ့နဲ့ဆို ဦး မြို့တက်သွားဒါ
ငါးရက်တောင်ရှိပြီ။ အဆက်အသွယ်အနေနဲ့
စာလေးတစ်စောင်တောင်မပို့တဲ့ဦးက
မြို့မှာဘာတွေများအလုပ်ရှုပ်နေလို့များလည်း။

ဦး စသွားတဲ့နေ့ကတည်းက
လူကမစားမသောက်ခြင်ဖြစ်နေတာ။
ဦးရင်ခွင်ထဲခိုဝင်ပြီးအိပ်စက်ခြင်သလို
ဦးပေါင်ပေါ်ခွတက်ပြီးထိုင်ခြင်​ေနတယ်။

ဦးကြော်ကြွေးတဲ့ထမင်း​ကြော်စားခြင်သလို
ဦးကောက်ကြွေးတဲ့ကြာပန်းဝတ်ဆံ
ကိုတစ်ထိုင်ထဲနဲ့ခေါင်းမူးအောင်အများကြီး
စားပစ်ခြင်နေတယ်။

အိမ်ပြင်မထွက်ခြင်တဲ့အပြင်
လှမ်းလျှောက်ထွက်ရမှာတောင်
သူပင်ပန်းနေသလိုခံစားရတယ်။
သူဒီလိုဖြစ် နေတာဦး အနားမှာမရှိလို့များလား။

ပြန်လာစမ်းပါတော့ဦးရာ။
ကျုပ်ဒီမှာ.လွမ်းလှပြီ။

" လက်ရာ...''

" ဘာလာလုပ်တာလည်း စပ်စုစိန်မ''

" နင်လေ ငါ့မြင်တာနဲ့
ကိုက်မယ်ဆိုတာဘဲသိတယ်
ငါလည်းလာခြင်လို့လာတယ်များ
ထင်နေလား..ကြီးတော်က
မင်းနေမကောင်းဖြစ်နေတယ်ပြောလို့
တာဝန်အရလာကြည့်ပေးတာ''

စိတ်ပူရင်ပူတယ်ပေါ့။ပွင့်ပွင့်လင်းလင်း
ပြောလိုက်ရင်ဒီစပ်စုစိန်မသေ
သွားမှာကြလို့။

" ငါနေကောင်းပါတယ်..ကိုယ်တွေလက်တွေ
ကိုက်ပြီးနှုန်းသလိုဖြစ်နေတာဘဲရှိတာ''

" ဟင့်..ပြောကိုမပြောခြင်ဘူးနော်
ငါ့သူကြီးချောချောလေးမရှိတာနဲ့
လွမ်းဖျားဖျားခြင်နေတာမဟုတ်လား''

ရှုံ့ကာမဲ့ကာမျက်နှာနဲ့ပြောဆိုနေတဲ့
စပ်စုစိန်မလေးကြောင့်လက်ရာရယ်လိုက်သည်။

" မပြောခြင်လို့သာဘဲ ''

" ဟီး... '' ဒါနဲ့ မင့်အတွက် ငါ
ကြာရိုးကိုဆီနှစ်နှစ်ကလေးနဲ့သုတ်ပေးလာတယ်
ကြီးတော်ကပြောတယ်မင်းအခုတစ်လော
ထမင်းမစားဘူးဆို''

ကြာ ဆိုတဲ့အသံကြားလိုက်တာနဲ့
လက်ရာပင်ပန်းသလိုခံစားရသမျှ
ပျောက်ကင်းသွားရသည်။သူသိပ်စား
ခြင်နေတာကြာပန်းနဲ့ပတ်သက်တဲ့
အရာမှန်သမျှကို။အမေနဲနှစ်ယောက်ထဲရှိတာမို့
စားခြင်တာကိုအောင့်အီးနေခဲ့ရတာ။
အခုတော့ရေကန်အသင့်ကြာအသင့်ဖြစ်ပြီမို့။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now