|| 32 ||

15K 693 6
                                    


Unicode

Unicode

" အဲ့ဒါ..ဘာဖြစ်နေကြတာလည်း''?!

" မောင်.. ဟီး...စိတ်မဆိုးရဘူးလေ
သူတို့က.. ဗိုက်ကိုင်ကြည့်ယုံလေးကို''

" ပါးစပ်ပိတ်ထား..လင်းလက်ရာ''!!

ရာရာစစ.ငါပိုင်တဲ့အရာကိုမှလာထိတဲ့
ဟာမတွေ။တွေ့မယ်။

ဒေါသတွေနဲ့ စိုက်ကြည့်နေတဲ့သူကြီးကြောင့်
ထွေးနုတို့သုံးယောက်မျက်လုံးလေးပင်
ကလယ်ကလယ်ဖြစ်ကုန်ကြပြီးပြေးပေါက်သာ
ရှာထားတော့တယ်။

သူတို့လည်းကြားဖူးတယ်လေ။
တိုက်စိုးရဲ့အပစ်မရှိထိတ်တုံးအခပ်ခံရတဲ့
သတင်းကို။လင်းလက်ရာရဲ့အသားကို
ထိရင်သူကြီးဘယ်လောက်စိတ်ကြီးမှန်း
သိနေတယ်။သိသိရက်နဲ့မမြင်ဖူးထင်ပြီး
လုပ်မိတာသူတို့အမှား။

အာဏာ..အိမ်ဒေါင့်မှာထောင်ထားတဲ့
တံမြက်စည်းကိုအပြုံးခပ်ဖွဖွနဲ့
လှမ်းယူလိုက်တော့ထိုင်နေတဲ့သုံးယောက်
ဖင်တစ်ယွယွဖြစ်ကုန်ကြသည်။

" အား..းး..သူကြီး..''!!

" လာခဲ့စမ်း..!! အစုတ်ပလုပ်မတွေ
ငါ့အိမ်လာပြီး..ငါပိုင်တဲ့အရာကို
လာထိတယ်ဆိုတော့နည်းနည်းနောနော
သတ္တိတော့မဟုတ်ဘူး..လာလေ
ဘာရပ်လုပ်နေတာလဲ''!!

တစ်ယောက်တစ်ချက်စီအရိုက်ခံထားရတဲ့
ေကာင်မလေးတွေမှာတော့ငိုမဲ့မဲ့လေးတွေ
ဖြစ်လို့။တံမြက်စည်းကိုင်ပြီးဒေါသထွက်နေတဲ့
အာဏာကတော့ထပ်ရိုက်ဖို့အစီအစဥ်ရှိနေသေးတဲ့ပုံ။

တစ်သက်နဲ့တစ်ကိုယ်မိဘရိုက်တာတောင်
မခံဖူးဘူးတဲ့ထွေးနုတို့တစ်စု။ဗိုက်ကလေး
ကိုင်မိရုံနဲ့အရိုက်ခံရတာလွန်လွန်းတယ်
မထင်ဘူးလား။

" ရွန်း.. !! "

" အားးး.'' !!

" ရွန်း... !!''

" အားးး.'!!

" ရွန်း... !! ""

" အားး... ''!

နောက်ထပ်တစ်ယောက်တစ်ချက်စီ
ပြန်အရိုက်ခံရတော်လည်းသူတို့မှာ
ပြေးစရာလှမ်းမရှိ။ပြေးရင်
ပိုလို့အရိုက်ခံရမှာသူတို့သိတယ်လေ။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now