Part-11

20.1K 988 40
                                    

Unicode

သူကြီး..လင်

Part-11

" လက်ရာ...နင့်အနောက်ကအပွင့်က
ပိုလှတယ်...''

" နင့်အရှေ့ကပိုလှတယ်ဟ...'''

" အရှေ့နည်းနည်းတိုးလိုက်.လက်ရာ
အပြာရောင်အပွင့်ကြီးက
ပိုလို့လှတယ်....သူ့အနောက်က
အပွင့်အနီကြီးကောခူးခဲ့ ''

" တိတ်တိတ်နေပေးပါတော့နှင်းနွယ်ရာ..
နင်လုပ်တာနဲ့..ကြာပန်းတောင်ငါမခူး
တတ်တော့ဘူး...စိတ်မပူနဲ့အဲ့ကန်ပေါ်က
ကြာပန်းတွေကိုသာတစ်ညီထဲ
ဖြတ်ပြီးခြင်းထဲစီထည့်ထား..ပန်းလှတာ
ခူးဖို့ကငါ့တာဝန်...ဘယ်ပန်းလှတယ်မလှဘူး
ငါသိပါတယ်...နင့်အဖေကိုပိုးတုန်းကတောင်
ငါကိုယ်တိုင်းခူးခဲ့သေးတာ..''

လက်ရာကြာကန်ဘောင်ပေါ်ကနေ
ဟိုဟာခူးပေး..ဒီဟာခူးပေး
လုပ်နေတဲ့နှင်းနွယ်ကိုစိတ်မရှည်တော့ဘဲ
​ကြာကန်ထဲကနေပြောလိုက်မှ
သဘော ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်ပြီး
ကြာကန်ဘောင်ပေါ်
ထိုင်ကာသူခူးထားပြီးတဲ့ကြာပန်းအရိုး
တွေညီအောင်ယူလာတဲ့
ဓားမဖြင့်ပိုင်းဖြတ်တော့သည်။

" လှတာလေး..ခူးနော်
မလှတာပါလို့ကတော့..ဒီမှာတွေ့လားဓား။
ဒီဓားနဲ့ နင့်ငယ်ပါကိုခုတ်ဖြတ်ပြမယ်''

ကြားပန်ဖြတ်နေတဲ့ဓားကိုလေပေါ်
မြောက်ပြပြီးကြိမ်းဝါးနေတဲ့နှင်းနွယ်
ကြောင့်လက်ရာကျောတောင်စိန့်ကနဲ့
ဖြစ်သွားသည်။ ဒီဟာမ...မိန်းကလေးဖြစ်ပေလို့ဘဲ
စကားပြောလိုက်ရင်အရှက်တရားကို
မရှိဘူး။

မနေ့ညက ဦးအာဏာခွန်းဆက်
စကားအတိုင်းအရက်ကိုအများကြီး
မသောက်ဘဲ ကျန်တဲ့ဟာကိုနောက်ရက်စာ
ဖွက်ထားလိုက်လို့မနက်အစောကြီး
နှင်းနွယ်လာနိုးတဲ့အချိန်ထနိုင်လိုက်တာ။
ဦးအာဏာခွန်းဆက်စကားကိုသာ
နားမထောင်ဘဲအရက်မူးအောင်
သောက်လိုက်လို့ကတော့ဒီမနက်နှင်းနွယ်
လက်ထဲကဓားဟာ..ကျုပ်ငယ်ပါအပေါ်
တစ်ကယ်ရောက်လာနိုင်တယ်။

" နှင်းနွယ်...ကြာပန်းတွေလာယူအုန်း''

အပြာရောင်အပွင့်ကြီးဘဲ
အခက်နှစ်ဆယ်လောက်ရွှေးခူး
ပြီးမှ ကန်ဘောက်ဘက်ပြန်လျှောက်
လာလိုက်ပြီးအရိုးဖြတ်နေတဲ့နှင်းနွယ်ကို
ပေးဖို့ပြင်လိုက်စဥ်...။

သူကြီး..လင်.. (unicode./ zawgyi) Donde viven las historias. Descúbrelo ahora