Unicode
ပုံမှန်ထက်တင်းမာနေတဲ့အခြေအနေက
ကျောချမ်းခြင်စရာ။ကဇွန်းရွက်ကို
ဇလုံထဲတင်ထည့်နေတဲ့မောင်က
ဆောင့်ဆောင့်အောင့်အောင့်နှင့်။" မောင်.. ! "
" ..... ''
" မောင်လို့... ''!!
" .... ''
လက်ရာခေါ်နေပေမဲ့ မောင်ကတော့
ကဇွန်းရွက်ကိုဆောင့်ဆောင့်အောင့်အောင့်နဲ့
တင်နေဆဲ။ကြာလာတော့ကိုလက်ရာတို့
နှုတ်ခမ်းကြီးစူလာတော့သည်။
ခေါ်တာကိုပြန်မထူးတဲ့မောင်ကြောင့်
စိတ်ထဲဝမ်းနည်းစိတ်ကြီးက
အသက်ရူပါမွန်းကြပ်လာလေပြီ။မောင်..မနေ့ကကိစ္စကို
စိတ်ဆိုးသွားဒါသိတယ်။မသိစရာလည်း
မရှိပါဘူး။ဘာလို့ဆိုမနေ့ညက
အခန်းထဲတောင် မောင်ပြန်လာမအိပ်ဘူး။
အခါတိုင်းနေ့တွေဆိုသူ့ကိုရင်ခွင်ထဲ
ထည့်အိပ်နေကြမောင်မရှိတော့သူလည်း
တစ်ညလုံးကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။စိတ်ကောက်နေသူကိုချက်ခြင်း
ပြန်လျော့ခြင်ပေမဲ့လည်း
မောင့်အလိုကိုမလိုက်နိုင်တော့
မချော့ဘဲနေခဲ့မိတာ။မနက်မိုးလင်းရင်
မောင်စိတ်ဆိုးပြေမယ်ထင်မိလို့ပါလေ။အခုအခြေအနေက သူထင်သလို
စိတ်ဆိုးမပြေတဲ့အပြင်ပိုဆိုးနေတဲ့
အခြေအနေ။".. ဟင့်.. !! မောင်လို့.. ''!
သူဘယ်လိုပုံစံနဲ့ဘဲခေါ်ခေါ်
လုံးဝပြန်မထူးဘဲသူအလုပ်ကိုဘဲ
သူလုပ်နေသူကြောင့်ဝမ်းနည်းစိတ်တွေ
ပိုလို့ရင်ထဲကြီးစိုးလာကာမျက်ရည်လေးများပါ
ဝဲတက်လာရသည်။" ဟင့်.!! ""
ရှိုက်သံလေးနဲ့ အနားကထွက်သွားသူကြောင့်
အာဏာ လက်ထဲက ကဇွန်းရွက်ကိုချကာ
လှေကားပေါက်နားမှာထိုင်နေတဲ့
ကျောပြင်သေးသေးလေးကိုကြည့်ပြီး
ပြုံးလိုက်သည်။ဒီကလေး ဗိုက်ကြီးမှ မျက်ရည်တွေက
လွယ်လာလိုက်တာ။အမှန်တော့သူလည်း
ဒီဗိုက်လေးကိုမကောက်ခြင်ပါဘူး။ပြန်အချော့ခံခြင်လို့တာကောက်နေမိတာ။
ညကတည်းကသူလေးလာချော့မလားလို့
အခန်းပေါက်နားမှာခြေထောက်တိုမတတ်
ပတ်လျှောက်နေတာကိုသူလေးကတော့
ပြန်မချော့တဲ့အပြင်အိပ်ယာပေါ်မှာ
ကွေးကွေးလေးအိပ်လို့။