|| 27 ||

15.9K 800 36
                                    

Unicode

ပတ်ဝန်းကျင်တစ်ခုလုံးက
တိတ်ဆိတ်နေလေပြီ။ဒီအချိန်ဆို
သူသိပ်လွမ်းနေရတဲ့ကလေးငယ်ကလည်း
အိပ်နေလောက်ရောပေါ့။
ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့
ယောက္ခမအိမ်ထဲသို့အာဏာခြေဖွဖွ
နှင်းဝင်ပြီးလက်ရာရှိရာအခန်းကို
လာခဲ့လိုက်တယ်။

ပင်ပန်းသမျှ။ မောခဲ့သမျှ
အိပ်ပျော်နေတဲ့ချစ်ရသူမျက်နှာလေး
မြင်လိုက်ရတာနဲ့အလိုလို
အေးချမ်းသွားရပြီ။

အရင်လိုပုဆိုးတိုတိုမဝတ်တော့တဲ့
ကောင်ဆိုးလေးကသူ့ပုဆိုးထဲ
ခြေထောက်အကုန်ထည့်ပြီး
အိပ်နေပုံမှာပုဇွန်တုတ်ကွေးလေး
တစ်ကောင်လိုဖြစ်နေသည်။

" ပြွတ်.. ''!

ဆံနွယ်တွေရစ်ဝဲနေတဲ့ နဖူးပြင်လေးကို
နမ်းရှိုက်ပြီးနံဘေးမှာအပုံရက်သား
ဖြစ်​နေတဲ့စောင်ပါးကိုလွှားခြုံပေးကာ
ကျစ်လစ်ပြီးကျဥ်း​မြောင်းတဲ့ခါးသေးသေး
လေးကိုဖက်တွယ်ကာနံဘေးကလွှတ်နေတဲ့
အိပ်ယာပေါ်ဝင်လဲလိုက်တယ်။

ကိုးရက်တိတိလွမ်းနေရတဲ့အငွေ့အသက်လေး။
ပြန်လည်ထိတွေ့ခွင့်ရတဲ့အချိန်မလွှတ်တမ်း
ဖက်ထားပစ်ခြင်တာ။ပါးနှစ်ဖက်က
ချိုင့်ခွက်ကြီးတွေပေါ်တဲ့အထိ
အာဏာပြုံးကာအခုအခြေအနေကို
နှစ်သက်နေမိသည်။

" လွမ်းလိုက်တာ..ကလေးရာ''

" ကလေးကော..ဦးကို
လွမ်းရဲ့လား... ''

အာဏာအိပ်ပျော်နေတဲ့ကောင်လေးကို
လွမ်းတဲ့အကြောင်းတွေရင်ဖွင့်နေမိသည်။
သူ့ရင်ဖွင့်စကားတွေကိုတော့
အိပ်ပျော်နေတဲ့ကောင်လေးမကြာနိုင်ရှာပေ။

ထို့နောက် လွမ်းနေခဲ့ရတဲ့ကလေးငယ်ကို
တင်းကြပ်စွာပွေးဖက်ပြီးမျက်ဝန်းအစုံ
မိတ်ကာအိမ်မက်ကမ္ဘာဆီသို့ကူးခတ်
လိုက်တော့သည်။

လင်းကြက်တွန်သံကြောင့်နိုးထလာတဲ့
လက်ရာ။ခါးထက်ကတင်းကြပ်နေတဲ့
ခံစားချက်ကြောင့်မျက်ဝန်းတွေမဖွင့်နိုင်ခင်
နက်မှောင်တဲ့မျက်ခုံးလေးက
အလိုမကျတွန်ချိုးသွားရသည်။

မျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်တော့
သူ့ခါးထက်တင်ထားတဲ့အကြောစိမ်းတွေ
အမြောင်းလိုက်ထင်ပေါ်နေတဲ့လက်တစ်ဖက်။
ထိုလက်ကြောင့်လက်ရာမျက်လုံးလေး
ဝိုင်းစက်သွားရပြီးရင်ထဲကဝမ်းသာလွန်းတဲ့
ခံစားချက်ကလေးကဖြန်းကနဲ။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now