Unicodeမောင် မရှိတာနဲ့လက်ရာရဲ့
အကျင့်ဆိုးလေးကစပါတော့သည်။" လုပ်ပါထွေးနုရာ..ငါတစ်ကယ်
တက်ခြင်တဲ့စိတ်ကိုထိန်းမရတော့လို့ပါကွာ
ကူညီပါနော်.''" လုံးဝဘဲ..လင်းလက်ရာ..
ငါလုံးဝဆို..လုံးဝလိုက်တော့''ဟုတ်တယ်။မကြီးမငယ်နဲ့
အပင်တက်ခြင်သည်တဲ့။ဆင်းတတ်တာလည်း
မဟုတ်ဘဲ။အလကား..
ရွာကလူတွေကိုဒုက္ခပေးအုန်းမှာ။အနားကပ်ချွဲနေတဲ့လင်းလက်ရာကို
ထွေးနုဟင်းချက်နေရာကကျောခိုင်းပြီး
ဘူးတစ်လုံးခံငြင်းနေလိုက်သည်။" ထွေးနု..ငါ့ကိုမသနားဘူးလားဟင်''!
" လာမလုပ်နဲ့..လုံးဝကိုသနားညင်သာ
စိတ်မရှိတာ..ထပ်မပြောလာနဲ့
မြင်သလား...ဓား..
ထိုးသတ်ပစ်လိုက်မယ်''" ဘာ.. ''!
" ဟီး..စတာ.. ! အပင်ပေါ်မတက်ပါနဲ့
လက်ရာရယ်..နင်ကမပေါ့မပါးကြီးနဲ့လေ
မတော်လို့တစ်ခုခုဖြစ်သွားရင်
နင်တစ်ယောက်ထဲမဟုတ်ဘူး..
နင့်ကလေးလေးပါထိခိုက်မှာဟ''" ငါလည်း..ဒီဗိုက်ထဲက
ဟာလေးကြောင့်ဘဲ..အပင်တက်ခြင်နေတာဘဲကို''လိုခြင်တာမရမခြင်း။စူလိုက်အောင့်လိုက်နဲ့
အနားမှာတစ်တွတ်တွတ်လုပ်နေသူကြောင့်
ထွေးနုစိတ်တွေလည်းညစ်လာပါပြီ။
သူအပင်ပေါ်တက်ခြင်တာက
အကြောင်းမဟုတ်ဘူး။တစ်ခုခု
ကြောင့်သူကြီးသိသွားရင်
အရင်ဆုံးသေလမ်းမြန်းရမှာက
သူနဲ့ကြီးတော်ဇင်မာခိုင်။သူကြီးကသူလင်လေးသာတစ်ခုခု
ဖြစ်ရင်။ဘယ်သူ့ကြောင့်ဖြစ်တယ်
ဘာကြောင့်ဖြစ်သွားတယ်ဆိုတာမေးမှာမဟုတ်ဘူး။
သေခြာမစောင့်ရှောက်တဲ့သူ့ကိုဘဲ
သတ်မှာ။သူ့တင်မဟုတ်ဘူး။သူ့လင်ရဲ့
အမေဖြစ်တဲ့ကြီးတော်ကိုလည်း
အလွတ်ပေးမဲ့အထဲမှာသူကြီးအာဏာခွန်းဆက်တို့
မပါဘူး။သူ့လင်ဆိုးတာကြသူမသိဘူး။
စူစူပုတ်ပုတ်လေးနဲ့ငိုမလို
ဖြစ်နေသူလေးကိုကြည့်ပြီး
ေထွးနုစိတ်မကောင်း။စိတ်မကောင်းပေမဲ့
သူ့ခွင့်မပြုနိုင်တော့ ချက်လက်စဟင်းကိုသာ
ဆက်ချက်နေလိုက်သည်။