Unicode
ဒီပွဲက ကျုပ်မျှော်လင့်
နေဆုံးပွဲတစ်ပွဲလို့ပြောရင်
မှန်လိမ့်မည်။သားလေးရဲ့ကင်ပွန်းတပ်ပွဲထက်
ဒီလမ်းဖွင့်ပွဲကိုကျုပ်ပိုမျှော်လင့်
နေမိတာ။ဘာလို့ဆိုဒီပွဲက
မောင်ပြောတဲ့ကိုဖိုးသောက်နဲ့
ထက်မြက်ကျော်တို့ပြန်လာမဲ့
နေ့ဖြစ်နေလို့ဘဲ။မတည့်တဲ့အချိန်တုန်းကသူ့အသံ
တောင်ကိုယ်မကြားခြင်ဖြစ်ခဲ့ဖူး
ပေမဲ့အကောင်းအဆိုးဒွန်တွဲလုပ်ကိုင်
ခဲ့ဖူးတဲ့ခင်မင်သူတွေဖြစ်ချိန်မှာတော့
သူထွက်သွားဒါကိုလက်မခံနိုင်သူပြန်လာ
ဖို့သာဆုတောင်းနေမိပြန်တယ်။ကျုပ်မျှော်နေတယ်ဆိုတာဒါ
မောင်သိရင်ပြောမလားဘဲ။
မောင့်ကိုပြစ်ပြီးသူ့ကိုချစ်တော့မလို့လား
လို့လေ။ဟက်...ဘာလို့ဆို
ကိုဖိုးသောက်ကကျုပ်ကိုကြိတ်ကြိုက်
ခဲ့ဖူးသာကို။" အူဝဲ..အူဝဲ..အူဝဲ ''
" သား.. သားဘာလို့
အရမ်းငိုနေတာလည်းနှင်းနွယ်''" မသိဘူး..ရော့ရော့..
ကိုယ့်သားကိုယ်ပွေ့တော့
တစ်ကိုယ်လုံးသူ့သေးတွေချွဲ
ကုန်ပြီရရေချိုးပြီးအဝတ်လဲလိုက်အုန်း''အပျိုကြီးမမသေစိုချွဲသွားဒါကို
ကြည့်ပြီးလက်ရာပြုံးကာခေါင်းခါ
လိုက်မိသေး၏။သေးတွေချွဲနေတဲ့သားကသူ့လက်ပေါ်
ရောက်တာနဲ့သွားမထွက်သေးတဲ့
သွားဖုံးနီသာရဲလေးတွေပေါ်
အောင်ပြုံးလာလေသည်။" အားဟာ..အဖေ့သားလေးက
အဖေ့ကိုသိနေတာဘဲ
လက်ပေါ်ရောက်တာနဲ့ပြုံး
နေတော့ဒါဘဲ..''" မွ... ချစ်လိုက်တာ ''
သေးအနှီးလဲပေးရင်အနမ်းချွေ
လိုက်တော့ခြေလက်သေးသေးလေး
တွေယှက်ကန်လာကာအနမ်းမခံ
နိုင်သူလေးကစတင်ရှုံ့မဲ့လာပါတော့သည်။" အိုဟို..ဟုတ်ပါတယ်..
ဒီအဖေကနမ်းပြန်ပြီနော့..''" အဲ..အဲ '
" ဟုတ်ပါတယ်..တိတ်တိတ် ''
တင်ပါးလေးကိုပုတ်ကာချော့
လိုက်တော့မောင့်လိုပါးချိုင့်နက်နက်လေး
နှစ်ဖက်ပေါ်အောင်ပြုံးလာ
ပြန်ရော။