Part-10

21.3K 1K 50
                                    


Unicode

သူသူကြီး..လင်

Part-10

လက်ရာသူကြီးအိမ်ရောက်လာတာနှစ်ရက်ရှိပြီ။
ရောက်တဲ့နေ့ကတည်းက..နှင်းနွယ်ရဲ့
စနက်ကြောင့်ယူပြီးဒါတောင်သူကြီးနဲ့
သူကတစ်ခန်းစီအိပ်ရသည်။

လင်းလက်ရာကိုဘယ်သူမှအမိန့်ပေးလို့
မရဘူးဆိုပေမဲ့..အခုနှင်းနွယ်ရဲ့
အမိန့်ကိုတော့သူလက်မခံခြင်ဘဲ
လက်ခံထားရတယ်။ အကြောင်းအရင်းက
တော့..နှင်းနွယ်ဆိုတဲ့မိန်းမက
သူ့အဖေနဲ့..ကိုယ့်ကိုသဘောမတူနိုင်လို့ဘဲ။
သူ့အဖေနဲ့ကိုယ့်ကိုကြည်ကြည်ဖြူဖြူ
လက်ခံစေခြင်ရင်..
အခန်းခွဲအိပ်ပေးရမယ်။အဲ့တစ်ပတ်လုံး
အရက်မသောက်ရဘူး..ရန်မဖြစ်ရဘူး။
အဲ့ဒါတွေလိုက်နာနိုင်မှ သဘောတူမှာတဲ့လေ။

" လင်းလက်ရာ...ဈေးသွားမယ်
ဈေးခြင်းကိုင်ခဲ့''

လက်ရာအစောကြီးမထခြင်ဘဲ
အသေနှင်းကာအော်နိုးနေတဲ့
နှင်းနွယ်ကြောင့် ထခဲ့ရသည်။

ဒီအိမ်ကိုစရောက်ကတည်က..
နှင်းနွယ် သဘောတူဖို့အရေး
သူကြီးကခွင့်ပြုထားတော့နှင်းနွယ်
ဆိုသည်မှာလည်းနည်းအမျိုးမျိုးနဲ့
နှိပ်စက်တော့သည်။

မနက်အစောကြီးဈေးလိုက်ရတာမျိုး။
ခြံ တံမြက်စည်းသိမ်းရတာမျိုး။
တစ်ခါတစ်ရံသူထမင်းချက်ဖို့ရေပါ
ထန်းပေးလိုက်ရသေးတယ်။

အမေအိမ်မှာဇိမ်ကျခဲ့သလောက်
ယောကျာ်းရမှာမလုပ်ဖူးတဲ့အလုပ်အကုန်
လုပ်ရတော့သည်။ယောကျာ်းကခိုင်းလို့
လုပ်ရရင်တော့တစ်မျိုးပေါ့။အခုဟာက
ယောကျာ်းကမခိုင်းဘဲ သူ့သမီးဘဲ
ခိုင်းစားနေတာ။

လက်ရာစူပုတ်ပုတ်နဲ့..ဈေးခြင်းအစိမ်းရောင်
ကိုရင်ဘတ်မှာပိုက်ပြီး..ကွတတနဲ့
ဈေးလိုက်ခဲ့သည်။

" မစိန်...သမီးကို..ကြက်သား..
25 ကျပ်သားလေးထည့်ပေးပါ
အသားပိုင်းဘက်ကရွှေးထည့်နော်''

" ရစေရမယ်..စိတ်ချ''

ကြက်သားသည်မစိန်
ကြက်သားခုတ်ပိုင်းပြီး ချိန်မည်အပြု။

" နေအုန်း .. ''!

" ဘာလုပ်အုန်းမလို့လဲ..လင်းလက်ရာ''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now