Unicode
သူကြီး.. လင်
" အိမ်မပြန်ဘူးလား..ထင်အောင် ''
တမင်ဘဲမေးတာလား။ရွဲ့မေးတာလားတော့
ထင်အောင်မသိဘူး။အခြေအနေကိုမြင်ရဲ့
အသားနဲ့ဒီမေးခွန်းမေးတဲ့သူကြီးကို
နုတ်နုတ်စင်းပစ်ခြင်နေတာတော့သူသိတယ်။သူ့လင်လင်းလက်ရာကိုသာထင်အောင်
မကြောက်ရင်ပေါ့။သူကြီးလောက်ကတော့
သူကြီးသားတစ်ယောက်အနေနဲ့စာကိုမဖွဲ့တာ။
ပြီးတော့ဒီလူကြီးက..သူ့အနှီးကောင်ရဲ့
အဖေဖြစ်နေတာ။မျက်မှောင်ကျုတ်ပြီးကြည့်နေတဲ့ကောင်ကြောင့်
အာဏာခွန်းဆက်ခပ်ရေးရေးပြုံးလိုက်သည်။
အကျီ်စကိုအလွှတ်မခံတင်းကြပ်ကြပ်
ဆွဲဆုတ်ထားတဲ့လက်ငယ်လေး။ခေါင်းအုံးထပ်တုတ်တုတ်မှမလှုပ်တဲ့အပြင်
မျက်လုံးအိမ်တွေကပိတ်နေတော့မြင်သူတိုင်း
အိပ်နေမယ်ထင်ပါလိမ့်မယ်။သားအကြောင်းသိတဲ့သူကတော့..
ဒီအချိန်ထင်အောင်သာဒီလက်ကိုဖြေချ
လိုက်ရင်..မိတ်နေတဲ့မျက်လုံးတွေပြူးပြီး
ထဆဲပါလိမ့်မယ်။အခြေအနေကိုသိသိကြီးနဲ့ဒီမေးခွန်းမေးတဲ့
သူ့ကိုထင်အောင်မျက်မှောင်ကုတ်ပြီး
ကြည့်ဒါနားလယ်တာပေါ့။" အဟား..ငါက စဒါပါ ခဏစောင့်
ခေါင်းအုံးချပေးမယ်..မင့်မယ်လဲ
အချိန်နဲ့အမျှငါ့အိမ်မှာကြီးဘဲ ညအိပ်နေရရှာတယ်
မလွယ်ဘူးငါ့ကောင်မလွယ်ဘူး..
ငါ့သားနဲ့သာရရင်ဒီအတိုင်းဆို..မင်းရှိတဲ့ခန္ဓာကိုယ်ပါ
ပျောက်ပြိီးလုံးပါးပါးလိမ့်မယ်'''' ဗျာ ''
ထင်အောင်မျက်နှာရဲကနဲဖြစ်သွားဒါကြောင့်
အာဏာရယ်ချပစ်လိုက်သည်။
သူပြောတာကသူ့သားနိုင်စားလို့
လူကောင်ကလိမ်စိဖြစ်မှာကို။
သို့သော်ထင်အောင်ကတော့ဒီလိုတွေးပုံမပေါ်ဘူး။
ဟက်..သူထင်ခြင်ရာထင်။ကိုယ်ချပေးစရာရှိတဲ့
ခေါင်းအုံးနဲ့စောင်ပါးတစ်ထည်ကိုချပြီး..
ကလေးငယ်ရှိရာသူတို့အိပ်ခန်းထဲပြန်လာ
ခဲ့လိုက်၏။အခန်းထဲရောက်တော့ငုတ်တုတ်ထထိုင်နေတဲ့
ကကောင်စုတ်။နှုတ်ခမ်းတွေကငါးနှစ်အရွယ်
ကလေးတစ်ယောက်လိုခြင်တာမရလို့
မိဘကိုစိတ်ကောက်ပြီးစူပုတ်နေသလိုမျိုး
စူပုတ်နေသေးရဲ့။