|| 40 ||

13.6K 645 42
                                    

Unicode

" အထုတ်နဲ့ ဒါဘယ်လည်း သူကြီး''

မိုးတောင်ချုပ်တော့မည်။
လက်စွဲအိပ်အထုတ်လေးနဲ့
အိမ်ပြင်ထွက်မည်ပြင်နေတဲ့
ခရေတန်းရွာသူကြီးကိုပြည်နယ်အရာရှိ
စားဖတ်နေရင်းမှမေးလိုက်၏။

" ရွာပြန်မလို့ ''

" ဟေ.. !! မိုးဖြင့်မှောင်နေပြီ
မောင်အာဏာခွန်းဆက်ရာ..
မနက်မှပြန်လည်းရတာကို ''

" ကျွန်တော်..ကျွန်တော်..
ဟာ..! မရှက်တော့ဘူးဗျာ..
ပြောလိုက်တော့မယ်..
ကျွန်တော် ရွာမှာကျန်ခဲ့တဲ့
အသည်းအသက်လေးကိုလွမ်းနေပြီဗျ.
ဒီညကိုကျွန်တော်အောင့်အီးပြီး
မစောင့်နိုင်တော့ဘူး''

" ဟားဟား.. ခများဗျာ..!!
ထားပါဒီအချိန်ပြန်တော့ကော
ခများဘယ်အချိန်​ရောက်မှာလည်း
မနက်ဖြန်နေမြင့်မှရောက်မှာဘဲမလား''?

" မနက်ဖြန်ညနေရောက်တာထက်
စာရင်တော့ခံသာပါသေးတယ်ဗျာ''!!

" ဟားဟား..ဟားဟား..
ဒီလောက်တောင်ဖြစ်နေလည်း
ပြန်ပါဗျာ ပြန်ပါ.. ကျွန်တော်
မတားတော့ပါဘူး.. ''

​ပြည်နယ်အရာရှိကိုအာဏာာရှက်ပြုံးနဲ့သာ
တုန့်ပြန်ပြီးခြံပြင်ကိုမြန်မြန်လေး
ထွက်လ်ိုက်တော့သည်။

အသက်သုံဆယ့်ရှစ်ကျော်မှ
အိမ်ကဗိုက်လုံးလေးကြောင့်
ရှက်ကျောတွေလည်းပြတ်ကုန်ပါပြီ။

အာဏာလက်ဆွဲအိတ်ကိုငှားလိုက်တဲ့
မြည်းလှည်းပေါ်တင်ပြီး
​မြို့ပြင်ထွက်လာခဲ့လိုက်တော့။

" ဦး.. ! အဖေ ဘယ်ထွက်သွားဒါလည်း
နှင်းနွယ်က ထမင်းစားလာခေါ်ပါတယ်ဆို ''

အလိုမကျစူပုတ်ပုတ်လေးဆိုလာသူ
ကြောင့် အရာရှိပြုံးကာ
ဖတ်လက်စစာအုပ်ကိုပိတ်ပြီး။

" ပြန်သွားပြီ ''

" ရှင် ''!

" နှင်းနွယ်ရဲ့အဖေက သူ့ယောကျာ်းကို
လွမ်းလို့မနေနိုင်တော့ဘူးဆိုပြီး
ခရေတန်းရွာကိုပြန်သွားပြီ''

"  .....  ''//

နှင်းနွယ်မှာပြောစရာစကားတောင်ရှာမရ
ဖြစ်သွားတော့သည်။သူ့အဖေက
အဲ့လောက်အထိကိုဖြစ်နေတာလား။
အရင်က ကျ သူနဲ့ညားမှာစိုးပြီး
ခတ်လိုက်တဲ့ထိတ်တုံး။အခုကျတော့
မနက်မိုးလင်းအောင်လေးတောင်
အိန္ဒြေ မဆယ်နိုင်ရှာဘူး။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now