|| 37||

12.6K 642 11
                                    


Unicode

အာဏာမြို့ရောက်တော့
မိုးအတော်ချုပ်နေတာနဲ့
မျိုးမင်းတည်နေတဲ့ဘုန်းကြီးကျောင်းမှာသာ
တည်လိုက်တယ်။

" သူကြီး.. ကျုပ်ပုန်းရည်ကြီး သုတ်လိုက်မယ်
ထမင်ူစားမယ်မလား''?

" ရတယ် မျိုးမင်း..ငါမဆာသေးဘူး''

" ဒါဆိုသူကြီးနားဖို့ကျုပ်အိပ်ယာခင်းပေး
လိုက်မယ်..သူကြီးအေးအေးဆေးဆေး
နားလိုက်ပါ''

" မနားတော့ဘူး..မျိုးမင်း
ငါဒီလာတဲ့အကြောင်းအရင်းကို
ချက်ခြင်းလုပ်ခြင်တယ်''

မျိုးမင်း..သက်ပြင်းခပ်ဖွဖွ
ချလိုက်သည်။သူသိတာပေါ့
သူကြီးပုံစံကချက်ခြင်းအလုပ်ကို
လုပ်ခြင်နေတယ်ဆိုတာ။

" ဒါဆို ထ... ကျုပ်တို့ သူ့ကို
သွားတွေ့ကြမယ် ''

" သူ့ကို.. ''!!

မျိုးမင်းခေါ်ရာကို အာဏာလိုက်ခဲ့တော့
ဘုန်းကြီးကျောင်းအနက်ဘက်
ဇရပ်အိုလေးဘက်မျက်နှာမူရပ်နေတဲ့
တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရတယ်။
ဇရပ်ကိုမျက်နှာမူနေတဲ့ထိုလူ့ကျောပြင်ကို
စိမ်းမနေသည့်အတွက်ထိုလူ
ဘယ်သူဆိုတာ သူကြီးတစ်ယောက်ဖြစ်တဲ့
သူ့အတွက်မျက်နှာမြင်စရာမလိုဘဲ
သိဖို့မခက်ခဲ။

" ဖိုးသောက်.. ''!

" အကို.. ရောက်ပြီလား..''?

အေးအေးလူလူတုန့်ပြန့်နေပုံက
သူ့အပစ်တစ်ခုမှမလုပ်ထားတဲ့
လူရိုးလူအေးပုံ။

ဖိုးသောက်ရဲ့အသည်းအသက်ကသူ့အသည်းအသက်
ကလေးနဲ့တစ်ယောက်ထဲဆိုတာသိလိုက်ကတည်း
အဲ့ကောင်ကိုဘာအပစ်မှမလုပ်ထားလဲ
မျက်လုံးထဲသူကြည့်လို့ကိုမရတော့ဒါ။

" မျိုးမင်း.. '!

" ဖိုးသောက်က..ဒီတစ်ခါယုံလို့ရပါတယ် ''

" သူ့အကူအညီငါမလိုဘူး..မျိုးမင်း
ငါပြန်မယ်.. ''

" ကျွန်တော့်အ​ဖေသတ်ခြင်နေတဲ့လူက
ခများဆိုရင်ကော ကျွန်တော့အကူအညီ
ခများမယူနိုင်ဘူးလား''

ဖိုးသောက်နဲ့သိလာတဲ့တစ်လျှောက်လုံး။
အင်..ဖိုးသောက်လူကောင်းမဟုတ်မှန်း
မသိခင်တစ်ချိန်လုံးပေါ့။အဖေအကြောင်း
တစ်ခွန်းတောင်မဟခဲ့ဘဲ အခုအချိန်မှာမှ
အဖေဆိုတဲနံစားကိုထည့်သွင်းလာသူ
​ကြောင့်လှည့်ပြန်ဖို့ပြင်နေတဲ့
ခြေလှမ်းတွေရပ်သွားမိတော့သည်။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now