|| 30 ||

17.5K 771 25
                                    

Unicode

" ကျုပ်..ကျုပ်ရူးနေပြီ
ကျုပ်မြို့ဆေးရုံတက်မှရမယ်ထင်တယ်''

လက်ရာကိုစစ်ဆေးနေရင်းမှ
ရုတ်တစ်ရက်ထပြောတဲ့
ဆေးဆရာကြောင့်အာဏာ
မျက်မှောင်ကျုတ်ကာ။

" ခများ.သေခြင်နေတာလား..!
ကျုပ်..ကလေးကို..စစ်ဆေးခိုင်းတာ
ခများကဘာထဖြစ်လို့ဆေးရုံတက်ရမှာလည်း
ဘာလည်း..ကျုပ်ငွေမပေးမှာစိုးနေတာလား။
ကျုပ်ကသူကြီးဖြစ်ပေမဲ့အာဏာနဲ့
တစ်ဖက်သားကိုအနိုင်ပိုင်းတတ်တဲ့
စိတ်ဓာတ်မရှိဘူး...ကု...အခုကု
မကုသေးဘဲခများခြေတစ်လှမ်းရွှေ့ရဲ
ရွှေ့ကြည့်..ရွှေ့တဲ့ခြေထောက်ကို
ကျုပ်ကိုယ်တိုင်းဓားနဲ့ခုတ်ဖြတ်ပြမယ်''

" မောင်... ''

လက်ရာကြောက်ရိပ်လွမ်းနေတဲ့
ဆေးဆရာကိုအားနာလွန်းလို့
ဘယ်လိုလုပ်ရမည်မသိတော့။

" မောင်...တော်တော့နော်..ဆရာ
ကျုပ်ဘာဖြစ်လို့လည်း..ကျုပ်အခြေအနေ
ကဆရာချွေးပျံရလောက်တဲ့အထိဆိုးဒါလား''

ချွေးသံတစ်ရဲရဲဖြစ်လာပြီဖြစ်တဲ့ဆရာဟာ
သူ့စမးသပ်ချက်ကိုပြောပြရမှာစိုးရွံ့
နေသလိုသူကြီးရဲ့နီရဲတဲ့မျက်ဝန်းတွေကိုလည်း
ကြောက်နေရသည်။

" ဟိုဟာ..ဟိုဟာလေ..''

သူဘယ်လိုပြောရမှာလည်း။စမ်းသပ်ချက်
မှားရင်သူကြီးရဲ့ဒေါသကြားသူသေမှာ။
မပြောပြပြန်ရင်လည်းဒီနေရာက
ခြေမပါဘဲပြန်ရမဲ့ကိန်း။မထူးပါဘူး။
မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့လည်း
ကိုယ့်ဆေးပညာကိုယုံကြည်ပြီး
ပြောလိုက်တော့မယ်။

" ခများ..ဒီနေ့..ပြောအုန်းမှာလား.''!!

" ဟိုဟာလေ..ပြော..ပြောပါတော့မယ်..
တစ်ကယ်တော့..သူက..''

ပြောမယ်ဆိုကာမှနှုတ်ကပိတ်မိနေပြန်ပြီ။

" ဒုန့်..!! "

" ပြော.. !! "

" ေမာင်...စိတ်လျော့..''

" ကိုယ်ဝန်ရှိတာပါ..ဒီအမျိုးသားမှာ
ကိုယ်ဝန်ရှိတာပါ''

အာဏာရဲ့ခုန်စောင်းထုချက်ကြောင့်
ဆေးဆရာခမျာမျက်လုံးအစုံမိတ်ပြီး
ဖြစ်ခြင်ရာဖြစ်ပြောချလိုက်တော့သည်။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now