|| 55 ||

13.4K 622 9
                                    

Unicode

အူဝဲ.. !အူဝဲ.. !

အနှီးထုတ်ထဲက ပေါက်စ
လေးရဲ့အော်ငိုသံကဆေးခန်းတစ်ခု
လုံးဟိန်းထွက်လို့နေသည်။

သူကြီးသား ပေါက်စလေးက
အကောင်သာသေးတာအသံက
တော့အောင်သည်။

အာဏာလက်ထဲကကငယ်ကို
ကျွမ်းကျင်စွာပွေ့ချီလိုက်ပြီး
နဖူးသားသေးသေးလေးကို
မြတ်နိုးစွာနမ်းရှိုက်လိုက်သည်။

" မောင်..!! ကျုပ်သားလေးက
အခုမှသေးသေးလေးဘဲရှိသေးတယ်
မောင်နမ်းလွန်းလို့ကျုပ်သားရဲ့
အသားတွေပဲ့ရကြီရဲ့''

" ကလေးရယ်..မောင်လည်း
ပေါက်စလေးရဲ့အဖေပါ..အသားပဲ့
အောင်တော့ဘယ်နမ်းပါ့မလဲ
မြတ်မြတ်နိုးနိုးယုယုယယလေး
နမ်းမှာပေါ့...နော့သား''

" အူးဝဲ..အူဝဲ ''!

" ဟုတ်ပါ့..ဟုတ်ပါ​့အဖေ့သားလေး
တိတ်တိတ်..''

သားလေးကိုချော့နေတဲ့မောင့်ကို
ကြည့်ပြီးလက်ရာပြုံးနေမိသည်။
ခက်ခက်ခဲခဲမွေးထုတ်ခဲ့ရတဲ့
သားလေးမို့သူအသက်လောက်ချစ်သည်။
ကလေးမွေးပြီးသာ ​ခြောက်ရက်
ရှိပြီအခုထိကလေးပွေ့ချီခွင့်မရသေးဘူး။

နို့ရေအတွက် ရွာထဲမီးတွင်းထဲမှာ
ကလေးသေသွားတဲ့အမျိုးသမီးတစ်ဦးက
လာတိုက်ပေးနေလို့စိတ်ပူစရာ
တော့မရှိ။

" မောင်..ကျုပ်သားလေးကို
ပွေ့ခြင်တယ် ''

" လုပ်ပြန်ပြီ..မဆိုးနဲ့ကွာ
ဆရာပြောထားတယ်မလား
ဗိုက်ခွဲထားလို့ကလေးပွေ့လို့
မရသေးဘူးလို့အနည်းဆုံး
ဆယ်ရက်လောက်နေမှပွေ့လို့ရမယ်လို့''

( အရင်ကဆေးပညာတိတ်မတိုးတက်သေး
လို့ကလေးချီခွင့်အဲ့လောက်ကြာ
ကြာထည့်ရေးလိုက်တာပါ
အမှားပါသွားရင်တောင်းပန်ပါ
တယ်နော်)

" မောင်ကလည်း..
ကျုပ်ကိုပေးပွေ့ပါဘယ်သူမှ
သိတာမှမဟုတ်တာဒီမှာမောင်နဲ့
ကျုပ်နှစ်ယောက်ဘဲရှိတာကို''

" မရဘူး. ""

" မောင်.. ''

သတိစရကတည်းကပေါက်စကို
ပွေ့ခြင်တယ်ကြီးဘဲကျီကျနေတဲ့
ကလေးဆိုးကြီးကိုအာဏာအရှော့
မပေးဘဲတင်းခံထားရသည်။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now