Unocode
ရွာလမ်းမကြီးတစ်ေလျှာက်
စုရုံးနေကြတဲ့လူစုကြီး။" သူကြီး..ကျုပ်တို့ဗိုက်ဆာပြီဗျို့''!
" သြော်..အခုမှဘယ်အချိန်ရှိသေးလို့
ရှင်တို့ကဗိုက်ဆာရတာလည်း
လာတာမှဖြင့်အချိန်ကပိစိလောက်နဲ့
ရောက်တာနဲ့ဗိုက်ဆာကြပြီ
ေမးပါအုန်းမယ်ရှင်တို့က
စားဖို့လာတာလား အလုပ်ကူဖို့
လာတာလား''ဝါးခမောက်ကိုယ်စီဆောင်းပြီး
နွားလှည်းပေါ်ကကျောက်စရစ်ခဲ
များကိုချနေကြတဲ့ရွာသူရွာသား
တွေက ရွာလမ်းမကြီးပြုပြင်
ရေးအတွက်ဝိုင်းဝန်းလုပ်အား
ပေးနေကြခြင်းဖြစ်သည်။နောက်ကျမှရောက်လာပြီဗိုက်ဆာတယ်
ပြောနေတဲ့ရွာသားတစ်ဦးကို
သူကြီးအစားရွာသူတစ်ဦးက
ဖြေလိုက်တော့။" ဟုတ်ပါ့တော်..မနက်အစောကြီး
လာပြီးလုပ်နေတဲ့မျိုးမင်းနဲ့အဌေးတို့
အတွဲနှစ်တွဲကိုမှအားမနာ''" ဟုတ်ပါ့ဟုတ်ပါ့..ပူပူနွေးနွေး
လက်ထပ်မဂ်လာပြုထားဒါတောင်
အိမ်တွင်းမအောင်းဘဲဒါနလာပြု
နေကြတာအားနာပါအုန်း''" ဟာဗျာ..ကျုပ်ကဗိုက်ဆာတယ်
တစ်ခွန်းဘဲပြောရသေးတယ်မင်းတို့
မိန်းမတွေကတန်းစီလို့ပေါက်ပေါက်
ဖောက်တော့ဒါဘဲဒါကြောင့်
သူကြီးကမိန်းမမယူဘဲယောကျာ်းယူ
တာဖြစ်မယ်မိန်းမတွေစကားများလို့လေ''" ဘာ.. !! ရှင့် ''!!
" ဟားဟား..ဟားဟား.. ''
ရွာသားရဲ့အရှုံးမပေးတဲ့စကား
တစ်ခွန်းကြောင့်ရွာသူတွေဒေါသ
ထွက်သွားဒါကြည့်ပြီးလမ်းပြုပြင်
နေကြတဲ့လူအများစုပွဲကျအောင်
ရယ်ကြတော့၏။ဒီပွဲကသူကြီးဖြစ်တဲ့သူမတားရင်
စကားရှည်တော့မှာဖြစ်သည့်အတွက်
သူသာဝင်တားရတော့သည်။" ကဲကဲ.. စကားရည်လုမနေ
ကြနဲ့နေမြင့်ရင်မလုပ်နိုင်ဘဲနေမယ်
အပြောလေးတွေလျော့ပြီး
လက်တွေ့လုပ်ကြတော့''သူတို့ပြောသလိုမိန်းမတွေစကား
များလို့ကျုပ်ကကျုပ်ကလေးကို
လက်ထပ်ခဲ့တာမဟုတ်ဘူး။
အစကတော့သမီးနဲ့မညားဖို့။
နောက်တော့နှလုံးသားတစ်ခုလုံးနဲ့
အသည်းပေါက်အောင်ချစ်မိသွားလို့။