|| 24 ||

15K 774 23
                                    

Unicode

24

သိုလှောင်ရုံထဲ သွင်းနေကြတဲ့မုန့်ညှင်း
ဆန်အိပ်တွေကို အတိအကျ
ရေတွက်နေတဲ့ကောင်လေး။

" ဝိုး..ရာပိုင်းအထိထွက်ပါလား
ခများရဲ့ မုန့်ညှင်းခင်းက ''

" နှစ်တိုင်းထွက်နေကြဘဲလေ..''

ဦး ရင်ခွင်ထဲခေါင်းသွင်းပြီး
စာအုပ်လေးပေါ် အတင်းအရေအတွက်
ချရေးနေရင်းမှ ချည်စော်ကား
သီးသုတ်ကိုမနားတန်းစားနေလိုက်သည်။

" တော်ပြီ ကလေး..စားဒါများနေပြီ
ချီးပန်းတဲ့အခါမှ ''

" ဘာ..မှချီးမပန်းဘူး..
စားနေကြ...ကုန်အောင်စားမှာ''

ဒီလိုဘဲ။ကိုယ့်ကလေးကကိုယ့်စကား
နားထောင်ဒါ။

" ဟဲ့..လက်ရာ..ဘယ်လိုနေနေတာလည်း
အလုပ်သမားတွေရှိတယ်လေ မရှက်ဘူးလား''

အမေဆူးငေါက်လာပေမဲ့ဂရု
မစိုက်စွာဦးပေါင်းပေါ်ခေါင်းအုံးပြီး
ခြေထောက်ကိုထိုင်ခုံးပေါ်တင်အိပ်
လိုက်သည်။

" ဒီကလေး..ပြောလေကဲလေပါလား
ထလို့''

" မထခြင်ပါဘူးဆို..ဦး..ခများ
အမေ့ကိုပြောအုန်းလေ ကျုပ်အိပ်နေတာကို
ထခိုင်းနေတာ မတွေ့ဘူးလား''

လက်ရာအပြောကြောင့်အာဏာပြုံးကာ
အစ်မကိုကြည့်ပြီး။

" အိပ်ပါစေအစ်မ..အခုတစ်လောလက်ရာ
ကျွန်တော့်အပေါ်တက်ခွတက်အိပ်
လုပ်ရတာဝါသနာပါနေတာ'

" ဟူး..ဒီနှစ်ယောက်နဲ့တော့..
အိပ်ခိုင်းအိပ်ခိုင်းမပြောတော့ဘူး
ပေးယောကျာ်းကိုချွဲနေတာနဲ့
ငါ့စရင်းတွေမှားကုန်တော့မယ်''

" ဟီးဟီး..အမေကလည်း..''

" ရပ်စမ်း..အားလုံးအခုရပ်.''!!

အမိန့်သံပြင်းလွန်းတဲ့အသံကြောင့်
လက်ရာပြုံးနေတာလေးတောင်
ပျောက်သွားရသည်။

နားယုတ်စရာကောင်းတဲ့ခွေးကောင်
အသံဘဲ။ငါ့ခြံထဲဒီကောင်ဘယ်သတ္တိနဲ့
ဝင်လာရဲတာပါလိမ့်။

ဦးပေါင်ပေါ်အိပ်နေရာက
ထလိုက်ပြီးပုဆိုးအောက်နှုတ်ခမ်းစ
ကိုအသာပင့်မကာခွေးကောင်အရှေ့သွားရပ်
ပြီး။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now