Unicode|| 23 ||
" ဒုတ်! !...ဒုတ်. !! .. ဒုတ် !! ''
" သေစမ်း...သေစမ်း..!!!
မျိုးမင်းဆိုတဲ့ကောင်..အရူးကြီး
သေစမ်း...ငါ့ကိုမတရားခိုးပြေးခဲ့တဲ့ကောင်
သေစမ်းအဲ့မှာ..''" ဒုတ် !! ...ဒုတ် !!!''.
သူ့ပုဆိုးကိုကြမ်းပြင်မှာချပြီး
ဓားတစ်ချောင်းနဲ့အစိပ်စိပ်အမွှာမွှာ
ဖြစ်အောင်.တစ်ဒုတ်..ဒုတ်နဲ့
ခုတ်နေတဲ့ကောင်ကိုမျိုးမင်းတံခါ
ပေါက်မှာကျောမှီပြီးလက်ပိုက်
ကြည့်နေလိုက်တယ်။အရူးလေးကနှုတ်ခမ်းပါးလေးကို
ရှေ့ကိုစူထွက်ပြီးကျိန်ဆဲနေလိုက်တာများ
သူအခန်းထဲရောက်နေတာတောင်သိတဲ့
ပုံမပေါ်သေး။မျိုးမင်းခေါင်းဖွဖွခါးယမ်း၍သာ
အရူးလေးကိုကြည့်ပြီးပြုံးနေလိုက်သည်။" ထပ်လိုသေးလား..
လိုသေးရင်...ကိုယ်ဝတ်ထားတဲ့
ပုဆိုးရှိသေးတယ်နော်''" မျိုး..မျိုးမင်း. ""
" ဟီး..ဟိုဟာလေ... ပုဆိုးက
ပြဲနေလို့...မကောင်းတော့လို့နော်
အဲ့မို့..ဓားနဲ့ခုတ်နေတာ..တမင်သက်သက်
လုပ်တာမဟုတ်ဘူး..ဟီးဟီး''သူခိုးလူမိတော့ဟုတ်တိပတ်တိနဲပြောင်
လိမ်နေတဲ့ကောင်လေးကြောင့်
မျိိုးမင်းမျက်ခုံးတစ်ချက်ပင့်ကာပြုံး
လိုက်မိသည်။အပစ်ပေးခံရမှာကြောက်ပြီး
အသစ်ကြီးရှိသေးတဲ့ပုဆိုးကို
အပြဲလို့ပြောနေတဲကောင်လေး။
ညီညာပြီးဖြူဖွေးနေတဲ့သွားလေးတွေနဲ့
တောင်သူ့အဆူမခံရဖို့လဒ်ထိုးနေသေးသည်။" ဟုတ်လား...ကို..မနေ့ကမှ
ဝယ်ခဲ့တဲ့ပုဆိုးကပြဲနေတာ
ဖြစ်လိမ့်မယ်''" ဟဲ..မနေ့ကမှဝယ်ခဲ့တာလား
မသိလို့နော်..ဟီးဟီး''လက်ထဲကဓားပစ်ချပြီး
ကုတ်ကုတ်ကလေးထိုင်နေတဲ့
အညိုဆင်လေးကိုမျိုးမင်းစိတ်မဆိုးရက်။
ချစ်ရလွန်းလို့အူတွေအသည်းတွေပါ
ပြုတ်ထွက်တော့မည်။" ကို့..ကိုယ်သတ်ခြင်တာများ
ပုဆိုးကိုရမယ်ရှာနေစရာမလိုပါဘူး
ဒီမှာကို..ရပ်နေတယ်လာသတ်လှည့်
ကိုဘားမှပြန်မလုပ်ဘူးကတိပေးတယ်''