Unicode
မီးလောင်တဲ့နေရာရောက်တော့
မီးလောင်ရတဲ့အကြောင်းအရင်း
ကိုအာဏာသိလိုက်ရသည်။စျေးကြီးတဲ့ရေနံဆီကို
အသုံးပြုပြီးလူနေအိမ်တွေကို
တစ်မင်မီးရှို့သွားတာဘဲ။" သူကြီး..''!!
အာဏာ ငိုနေတဲ့ရွာသားတွေအနား
ရပ်နေစဥ်သူ့ဆီပြေးလာတဲ့
မျိုးမင်းကြောင့်။" ဘယ်လိုလည်းမျိုးမင်း..
အိမ်ဘယ်နှစ်လုံးပါသွားလည်း''" အားလုံးကိုးလုံးပါသွာတယ်
မီးစွဲစအိမ်ကတစ်အိမ်ရှိသေးတော့
စုစုပေါင်းဆယ်အိမ်ညားတယ်သူကြီး''" ကျစ်..!! အခု ငါပြောသလို
စီစဥ်ခဲ့လား..ဘုန်းကြီးကျောင်းမှာ
ခဏနေဖို့ဆန့်တယ်မလား''" ဆန့်လောက်တယ်..ကျုပ်တို့
ဇရပ်ကြီးတွေမှာပါမကျန်
သူတို့နေဖို့စ်စဥ်လိုက်ပါ့မယ်''" ကောင်းတယ်မျိုးမင်း..အားလုံးနီးပါးက
ဘားမှမရလိုက်အောင်ကိုအိမ်တိုင်တွေပါ
မီးကျွမ်းကုန်ကြတော့ဝတ်စရာ
အဝတ်တောင်သူတို့မရှိကြတော့ဘူး
အားလုံးအဆင်ပြေအောင်စီစဥ်
ေပးလိုက်ပါ..လိုအပ်တဲ့ငွေတွေကို
ရွာလမ်းပြင်ဖို့အလူခံထားတဲ့
ငွေထဲကငါချေးပြီးမင့်ကိုပေးလိုက်မယ်''" ဟုတ်ကဲ့ သူကြီး''
" သူကြီး.. !! "
" အဌေး.. ''
အဌေးနဲ့မျိုးမင်းကိုအလုပ်တစ်ခုစီ
ခိုင်းလိုက်တာမို့မျိုးမင်းကလည်း
သူ့ကိုခိုင်းလိုက်တဲ့အပိုင်းကိုအဌေး
ရောက်လာတာနဲ့သွားလုပ်တော့သည်။" ဘယ်လိုလည်း ''
" သူကြီးထင်ဒါမှန်တယ် သုဘရာဇာ
ကြီးပြောတယ်..ဦးထွန်းသောက်က
ကျုပ်တို့စုံစမ်းနေတဲ့ဓားပြဗိုလ်ဘဲ''" ဟက်..! "
အာဏာ ခပ်ဟဟလေး
လှောင်းပြုံးပြံးလိုက်သည်။ကျုပ်ရွာကိုဖျက်ဆီးတဲ့ခများ
ကျုပ်လက်ကမလွှတ်စေရပါဘူး
ဦးထွန်းသောက်ရာ။ဓားပြတိုက်လုယက် ရုံအားမရ
အကုသိုလ်ပေါ်အကုသိုလ်ဆင့်
လူနေအိမ်ကိုပါမီးလာရှို့တယ်ဆိုတော့
ခများသိပ်ကိုလွန်သွားပြီ။