|| 39 ||

12.6K 666 30
                                    


Unicode

လူစုံတက်စုံရှိလှတဲ့စံအိမ်ကြီးထဲ
ချက်ပြုတ်နေကြတဲ့အလုပ်သမားများကလည်း
ငါးယောက်ထက်မနည်းရှိသည်။ထိုအလုပ်သမား
တွေကိုကြည့်ကျပ်နေသူကတော့။

" အစ်မတို့..ခရုကိုရေနဲ့ပြုတ်ပြီး
အထဲကအဆန်ကိုထုတ်မယ်နော်''

" ..ဟုတ်.. ''!

" ဟိုအစ်မက.. ငါးရုတ်ကြက်သွန်ကို
ထောင်းထားပေး''!

" အစ်မကြီးက..ကြက်သွန်နီနွာပေးနော်''

" ညီမလေးကတော့..ကြက်သားကို
အရွယ်တော်လေးအတုံးမပျက်အောင်တုံးပေး''

နှင်းနွယ်တစ်ယောက်သူကိုယ်တိုင်လည်း
အချည်ရည်ချက်ရန်မုန့်ညှင်းကိုတင်ပြီး
ရေပြောင်အောင်ဆေးရင်းအလုပ်သမား
များကိုလည်းမလစ်ဟင်းအောင်
ခိုင်းတော့သည်။

" ဒီနေ့အတွက် ဟင်းကဘာလည်း..
နှင်းနွယ် ''!

" သြော်..မျိုးမင်း..လာလေ.. ''

အပေါက်ဝမှာရပ်ပြီးကြည့်နေသူ
မျိုးမင်းကိုနှင်းနွယ်သူထိုင်နေတဲ့
စပွဲဝိုင်းကိုခေါ်လိုက်သည်။

စပွဲကသူ့ဒူးခေါင်းလောက်သာ
မြင့်သာမို့ဟင်းရွက်ကိုကောင်းကောင်း
တင်လို့ရသည်။

" နင့်တို့အကြိုက်  ကြက်သားကိုကြော်မယ်
ပြီးရင်ခုရုဆန်လှော်ချက်မယ်..ကဇွန်ရွက်နဲ့
ဟင်းရွက်စုံရောပြီးဟင်းလှော်မယ်
ပြီးရင်ငါးရုတ်သီးထောင်းအရည်ကတော့
မုန့်ညှင်းအချည်ကျို''

" ဝိုး..အပြောနဲ့တင်..ငါ့ဗိုက်က
တစ်ဂွီဂွီမြည်လာပြီ ''

" ဟက်.. ဆာလည်းအောင့်ခံ
ထမင်းစားချိန်မရောက်မခြင်း
အူလိမ်အောင်ဗိုက်ဆာနေပါစေ
မကြွေးဘူး''

" အမယ်..သူ့နင့်အိမ်ကြီးကျလို့''

" ငါဒီမှာနေလာဒါ..ကြာပြီ..
အိမ်ကြီးနဲ့ငါနဲ့လည်းမစိမ်းတော့ဘူး
အဲ့တော့ငါ့အမိန့်နာခံဒါနဲ့''

" အေးပါကွာ.. ဒါပေမဲ့.ငါဗိုက်ဆာလို့လာတာကွ
ထမင်းမစားရလည်းတစ်ခုခုတော့ကျွေးကွာ ''

မျိုးမင်းကိုနှင်းနွယ်မျက်စောင်းတစ်ချက်ထိုး
လိုက်ပြီးသူ့အလုပ်ကိုယ့်အလုပ်လုပ်နေကြတဲ့
အစ်မတွေဘက်ကြည့်ကာ။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now