|| 28||

15.7K 783 19
                                    

Unicode

" ကြာပန်းတွေက လုံလောက်ရဲ့လား
မောင့်ကလေးလေး..''

ကြာပန်းဝတ်ဆံတွေကိုခွာစားရင်
သူ့ပေါင်ပေါ်အိပ်နေတဲ့ကလေးငယ်ကို
မေးလိုက်တော့နူးညံ့တဲ့အပြုံးလေးတွေနဲ့
ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြနေ၍
အာဏာပြုံးလိုက်တယ်။

" မောင့်ကလေးလေးက
မတွေ့တာကြာမှပိုချစ်ဖို့ကောင်းနေတာဘဲ''

" ဟီးးး..ကျုပ်ကအမြဲချစ်ဖို့ကောင်း
ပြီးသားပါနော်...​သြော်..ေမာင်''

" ပြောလေ..ကလေး''

" ကျုပ်လေ..မောင်ကြော်ကျွေးတဲ့
ထမင်းကြော်စားခြင်လို့..အဲ့ဒါ''

" ဟက်...!! မောင်သိပြီ
မနက်ဖြန်ကြော်ကျွေးမယ်နော်''

" ဒီနေ့ကဘာဖြစ်လို့လည်း..လို့''

နှုတ်ခမ်းလေးစူထှော်ကာပြောလာသူလေးကြောင့်။

" အဆိုးလေး..အရမ်းမဆိုးနဲ့လေ...
ဒီနေ့ကအရမ်းကိုဆိမ့်တဲ့ကြာပန်းဝတ်ဆံတွေ
စားထားဒါ ထမင်းကြော်ပါထပ်စားရင်
ကလေး ' မက်ကလောင် ' တွေထပြီး
ခေါင်းမူးခေါင်းကိုက်ဖြစ်မှာပေါ့..
ဒီနေ့တော့အောင့်လိုက်တော့နော်
နောက်နေ့မောင်ကြော်ကျွေးမယ်''

" ဟွန့်... !! သူ့အကြောင်းပြချက်နဲ့သူ
ဟုတ်နေတော့လည်း..အောင့်လိုက်ပါ့မယ်
ဒါပေမဲ့မနက်ဖြန်တော့ကြော်ကျွေးရမယ်နော်''

" စိတ်ချ..အစောကြီးကိုကြော်ကျွေးမယ်''

" ဟီးး..ဒါဆို ချဥ်ပေါင်ကိုလည်းငရုတ်သီးစပ်စပ်လေး
ချက်ကျွေးရမယ်။ပြီးတော့..မုန့်ညှင်းဖြူကိုကောဘဲ
ဆီမထည့်ဘဲရေနဲ့ငရုတ်သီးစပ်စပ်ချက်ကျွေး..''

" ဟင်..ကလေး..ဟင်းတွေကငရုတ်သီးကြီးဘဲပါလား
မောင်တော့မြင်ပါသေးတယ်ကလေး ဖင်ပူပြီး
အော်ငိုနေမဲ့မြင်ကွင်းကို''

" မောင်နော်..ငိုစရာလား..
သူများစားခြင်တာကို..ဘာလည်းမချက်ကျွေးခြင်လို့လား
ဒါဆိုလည်းပြောအတင်းမခိုင်းဘူး''

ခြွေထားတဲ့ဝတ်ဆံကို ပါးစပ်ထဲပစ်ထည့်ပြီး
ရန်လုပ်နေတဲ့ကလေးလေး။ဘယ်လိုလေးမှန်းကိုမသိဘူး။
အသည်းထဲမှာကျလိကျလိနဲ့။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now