Part-3

20.3K 1.1K 94
                                    

Unicode

သူကြီး...လင်

Part-3

ထိတ်တုံးခတ်ခံ ထားရတဲ့ နှစ်ရက်လုံး
သူကြီး လက်ရာအရှေ့ပေါ်ပင်မလာတော့။
မိုးမလင်းခင်ကတည်းကဘုန်းကြီးကျောင်း
ထွက်သွားပြီးညမိုးချုပ်မှသာပြန်လာတတ်သည်။
ပြန်လာရင်လည်း..လက်ရာရှိရာ
ထိတ်တုံးတဲကိုခေါင်းပင်မထောင်ကြည့်။
သူ့သမီးနှင်းနွယ်ကို လက်ရာရှိတဲ့
အိမ်မှာထားထားပြီးအပြင်ထွက်သွားဒါ
သူ့သမီးနဲ့ ကျုပ်ကို သဘောတူလိုက်တဲ့
သဘောလား။

ဒီလိုဆိုရင်တော့..နောက်ကျသွားပြီ။
သူကြီးအာဏာခွန်းဆက်ရေ။
လက်ရာဆိုတဲ့ကျုပ်က ခများသမီးကို
မလိုချင်တော့ဘူး။ပန်းဆီရောင်နှုတ်ခမ်း။
ပါးနှစ်ဖက်မှာပါးချိုင့်။ ပိုင်ဆိုင်ထားတဲ့
နုနုရွရွ ခများကြီးကိုဘဲလိုချင်တော့ဒါ။

" လက်ရာ...''

" နှင်းနွယ်...''!

" အဖေက..ထိတ်တုံးလာဖြုတ်ခိုင်းတာ..''

" ဟေ...နောက်ဆုံးတော့ငါတို့လွှတ်...''

" ငါမထွက်ဘူး...''

" ဘာ..''

အဌေးထိတ်တုံး ဖြုတ်လို့ပျော်မယ်ကြံသေး
ခွေးသူတောင်း လက်ရာစကားကြောင့်
ကြောင်သွားရသည်။

" လက်ရာ...ဘာပြောလိုက်တာလဲ ''

နှင်းနွယ်ကို မော့ကြည့်ကာ။

" မင့်အဖေ သူကြီးကိုပြောလိုက်
လင်းလက်ရာဆိုတဲ့ ကောင်က...သူကြီး
ကိုယ်တိုင်ထိတ်တုံးခတ်ထားတဲ့အတွက်
သူကိုယ်တိုင်လာဖြုတ်ပေးမှ ထိတ်တုံးထဲက
ထွက်မှာလို့..''

လက်ရာ အတည်ပေါက်ကြီးပြောနေတာ
ကြောင့် နှင်းနွယ် ကြောင်နေရတာအမှန်။
မျိုးမင်းနဲ့အဌေးကတော့..လက်ရာကိုကြည့်၍။

" လက်ရာ..မင်းရူးနေတာတော့
မဟုတ်ပါဘူးနော်...''

အဌေးစကားကြောင့်လက်ရာပြုံးလိုက်သည်။
ဟုတ်တယ်..ရူးနေတာ အဌေးရေ။
အနမ်းတစ်ပွင့်က လူကို ရူးသွားစေတာ။

မေးတာကိုမဖြေဘဲ..ပြုံးနေတဲ့
လက်ရာကိုကြည့်ပြီး..ဒီကောင်တစ်ကယ်
ရူးသွားပြီဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းခါလိုက်
တော့သည်။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now