Part-14

19.5K 960 37
                                    

Unicode

သူကြီး...လင်

အပိုင်း... ၁၄

" ရော့... ရော့..ရော့.. ''!

နွားနှဖားကြိုးကို အဌေး
တင်းတင်းဆွဲဆန့်ပြီး..သွားနေတဲ့
နွားရပ်သွားအောင်..ပါးစပ်မှလည်း
ရော့...ရော့..ရော့..ဟုချော့မြူးလိုက်သေး၏။

" လက်ရာ...ဆင်းတော့ နွေးအရှေ့မှာ
သွားရပ်ထားပေး''

" ရီး...တောင်မလုပ်ဘူး..''

" ဘုတ်... ! "

လက်ရာလှည်းပေါ်ကခုန်ဆင်းပြီး
ပဲခြွေသမ..တွေအတွက် ကိုတင်ဖေ
အဖြစ်ကလေးဆောက်ထားပေးတဲ့
မိုးကာတဲအောက်သွားဝင်ထိုင်နေလိုက်သည်။

လူကလိုက်ခြင်လွန်းလို့လိုက်လာတာ
ကျလို့။နွားရှေ့တောင်လာစီး..ခိုင်းနေသေးတယ်။

" ဟော့.ထမင်းပို့တဲ့လူတွေတောင်
ရောက်လာကျပြီး..ကဲကောင်လေးတို့
ကောင်လေးတို့ပဲနှုတ်တာခဏနားပြီး
လှည်းပေါ်ကပစ္စည်းတွေချကူလိုက်ကြစို့''

ကိုတင်ဖေစကားအဆုံးပဲနှုတ်နေတဲ့
ကောင်လေးတစ်စုလှည့်ရှိရာသွားပြီး
ထမင်းပုံးဟင်းပုံးတွေအပြင်
သောက်ရေပုံးတွေပါသယ်ပြီး
သူထိုင်နေတဲ့တဲအောက်သယ်လာကြသည်။

"လက်ရာ..နည်းနည်းတိုး''

" ချီးဘဲ..တဲအကျယ်ကြီးကို
ငါနေတဲ့နေရာဘဲမင်းမြင်နေလား''

တဲအကျယ်ကြီးကိုမှသူနေတဲ့
နေရာကိုရန်လာရှာတဲ့ရွာထဲ
မင်းလူ ဆိုတဲ့တစ်ယောက်ကိုလက်ရာဆဲ
ပစ်လိုက်သည်။

" နေရာကျယ်တာ..ငါသိပါတယ်
ဒါပေမဲ့..ငါကနင့်အနားမှာထိုင်ချင်လို့ကို''

" ပစ်ကန်လိုက်လို့..သောက်ခွက်နုနု
သွေးခြေဥသွားအုန်းမယ်...
သွား..ဟိုဘက်ကိုငါနဲ့ဝေးဝေးနေ''

" လက်ရာကလည်း..ငါ့ဆိုအမြဲဆဲဖို့ဘဲ''

" သောက်ရုပ်ကိုကမဆဲခြင်ဆဲခြင်အောင်
လာလုပ်ပြနေတာကို... ''!

လက်ရာ မျက်မှောင်ကျုတ်ကာ​ပြောလိုက်တော့
မျက်နှာလေးညိုးကျသွားတဲ့သူက..

" ငါက ဘာလုပ်နေလို့လည်း
ဒီအတိုင်း..သူ့အနားလေးထိုင်မိသာကို''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now