|| 33 ||

14K 673 15
                                    

Unicode

" ခွပ်..!! "

" ခွပ်..'' !!

" ခွပ်..''!!

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်တစ်ခုမှာ
ကောင်လေးတစ်ယောက်ရဲ့မျက်နှာထက်
အဆက်မပြတ်ထိုးနက်မှု့က
သွေးရှင်တွေပါစီးကျတဲ့အထိ။

မြင်ရသူတောင်ကြက်သီးထစေလောက်တဲ့
ထိုးနက်မှု့တွေကို..အထိုးခံနေတဲ့
ကောင်လေးကတော့တစ်ချ​က်မှ
မျက်နှာမမဲ့ဘဲအထိုးခံရလို့လဲကျသွားရင်
တောင်ပြန်ထပြီးတစ်ဖက်လူထိုးဖိုး
မျက်နှာထိုးပေးနေသေးတယ်။

" ထွီး..!! မွေးရကျိုးမနပ်တဲ့ခွေးကောင်..!!
စောက်တုံးမကျတဲ့ခွေး''!!

" ခွပ်..!!'

ထိုးနက်ရုံမက မျက်နှာတည့်တည့်တစ်ထွေးနဲ့ပါ
ထွေးပြီးထပ်မံထိုးနေတဲ့လူက
သိပ်ကိုရက်စက်နိုင်လွန်းတဲ့နှလုံးသား
ပိုင်ရှင်ဖိုးသောက်ရဲ့ဖခင်
ဦးထွန်းသောက် ဖြစ်ပြီးအထိုးခံနေရတဲ့
ကောင်လေးကတော့ဖိုးသောက်ပင်
ဖြစ်သည်။

" တောက်.. !! "

" မင့်အဖေ..ကိုမင်းကာကွယ်နေတာမလား??
အဲ့လိုကောင်တွေပုန်းနေတဲ့နေရာကို
ငါတောင်အလွယ်လေးသိနိုင်တယ်
မင်းမသိဘူးဆိုတာဖြစ်နိုင်ရဲ့လား!??
ဘာလည်း..ထပ်ပြီးတော့..မင်းရဲ့လင်တွေ
မယားတွေကို.ငါဖျက်စီးမှာစိုးနေတာလား''?

ဖိုးသောက်ဘားမှပြန်မပြော။လက်ကိုသာ
ကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်သည်။

" ပြောစမ်း.!! မင်းစောက်ပါစပ်က
ပြောစမ်း.. အဲ့ခွေးတွေကဘာတွေတန်ဖိုး
ရှိနေလို့ငါ့ကိုတောင်လွန်ဆန်ပြီး
ကာကွယ်ရအောင်''

" ခွပ်..!!''

" မင်းကို..ပြောလို့ပြောနေတယ်''

အထိုးခံရလို့ဖိုးသောက်
မတ်မတ်တောင်မရပ်နိုင်တော့။
သို့သော်..သူ့အဖေမေးသမျှကို
အသားအနာခံပြီးတစ်ခွန်းမှပြန်မဖြေခဲ့။

သူမဖြေလေဒေါသဖြစ်လေဖြစ်နေတဲ့အဖေကတော့
သူမေ့မြောသွားတဲ့အထိထိုးနက်ခဲ့သည်။
အဖေကသိပ်ရက်စက်လွန်းတယ်။
သူမလွန်ဆန်နိုင်လို့ငြိမ်နေရပေမဲ့
သူမြတ်နိုးရသူရဲ့သူငယ်ချင်းတွေကိုတော့
အထိအခိုက်မရှိအောင်ကာကွယ်ပေးရမည်။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now