Unicode
" မောင်.. ''
" ဗျ.. ''
" အောင်းအုံးက နာလိုက်တာမောင်ရာ''
" မောင့်လက်မောင်းပေါ်မှာ
အိပ်မလား.. '!" ဟီး..အင်အိပ်မှာ''
အလည်လေး။သူ့လက်မောင်းမှာ
အိပ်ခြင်တာနဲ့သူ့အတွက်သိသန့်
ချုပ်ထားပေးတဲ့ခေါင်းအုံးနုနု့ကို
နာတယ်လို့ဆိုနေတယ်။" အာ..အရသာရှိလိုက်တာ..
မောင့်အသားနုနုမှာခေါင်းအုံးရတာ''" သဘောကျတယ်မလား''
" အင်.. ''
" မောင့်ကလေးသဘောကျဖို့သာ
အဓိက''" ဟီး..ချစ်လိုက်တာမောင်ရာ''
" ပြွတ်.. ''!
" ဒီကမောင်ကလည်း..အသည်းပေါက်
အောင်ချစ်တာပေါ့မောင့်ကလေးလေးကို''နဖုုးပြင်လေးကိုနမ်းရှိုက်ကာ
ဆိုလာသူမောင်ကြောင့်လက်ရာ
အတိုင်းမသိကြည်နူးရပြန်သည်။သူသိပ်ကြိုက်တဲ့ပါးချိုင့်ကြီးတွေ
ပေါ်အောင်ပြုံးပြနေတဲ့
မောင့်ကိုသူသိပ်ချစ်သိပ်အသည်းယားတာ။" သြော်မောင်..မောင့်ကိုလေ..
ကျုပ်တိုင်ပင်စရာရှိတယ်''" ဆိုပါအုန်း..မောင့်ဗိုက်လုံးလေးက
ဘာတွေများတိုင်ပင်မလို့ပါလိမ့်''" ဟွန့်..မောင်နော်.ပြောင်စပ်စပ်
မလုပ်နဲ့..ကျုပ်ကအကောင်းပြော
နေတာကို''" ဟောဗျာ..ဘယ်မှာမောင်ပြောင်စပ်စပ်
လုပ်မိလို့လည်း''" စပ်ဖြီးဖြီးရုပ်ကြီးနဲ့မောင့်ဗိုက်လုံးလေးလို့
ခေါ်တာကိုလို့''နှုတ်ခမ်းလေးထှော်ကာမျက်လုံးလေး
ပင့်ပြီးသူ့ကိုကြည့်ကာရန်တွေ့
နေသူလေးကြောင့်ကိုရွှေဗိုက်လေးကို
အာဏာအသည်းတစ်ယားယားနဲ့
တင်းတင်းကြပ်ကြပ်ဖက်ပစ်လိုက်တော့။" အင့် '' ဆိုတဲ့အသံပိစိလေးနဲ့
ငြိမ်ကုတ်သွားပြန်သည်။ချစ်လွန်းလို့ရူးတော့မယ် ဒီမောင်က။
" တောင်းပန်ပါတယ်..ဟုတ်ပြီလား''
" အင်..ဒါဆိုနားထောင်
ကျုပ်ပြောမယ်''