|| 34 ||

14.1K 663 8
                                    

Unicode

ဖိုးသောက်..အိမ်ကထွက်လာတော့
သူငှားလာတဲ့မြင်းလှည်းနောက်
တစ်စုံတစ်ယောက်လိုက်နေသလိုခံစား
ချက်ကြောင့်မြင်းလှည်းဆရာကို
လမ်းမကြီးအတိုင်းမမောင်းနှင်းစေ
တော့ဘဲလူပြတ်တဲ့လမ်းချိုးဘက်မောင်း
ခိုင်းလိုက်တယ်။

လူသွားလူလာရှားပါးတဲ့နေရာ
ရောက်တာနဲ့မြင်းလှည်းဆရာကိုရပ်ခိုင်း
လိုက်ပြီးမြင်းလှည်းမောင်းခရှင်းပြီး
ပြန်ခိုင်းလိုက်တယ်။

လက်ထဲကအဝတ်တစ်ထည်ပုဆိုးတစ်ကွင်းသာ
ထည့်ထားတဲ့လက်ဆွဲအိတ်အနက်လေးထဲက
သေနပ်တစ်လက်ထုတ်ပြီးလမ်းဒေါင့်ကွေးမှာ
ပုန်းဖို့ပြင်လိုက်တော့။

" မျိုး... မျိုးမင်း..''!

သူဝင်ပုန်းဖို့ပြင်လိုက်စဥ်မှာဘဲ
သူ့အရှေ့မှာမားမားမတ်မတ်ရပ်ပြီး
မျက်လုံးစိမ်းကြီးတွေနဲ့ကြည့်နေသောသူ။

မျိုးမင်း..သူ့ကိုမြင်ပြီးအနည်းငယ်သာ
မျက်ခုံးပင့်ရုံရှိပြီးလန့်မသွားထိုလူကြောင့်
မျက်ခုံးနှစ်ခုတွန့်ချိုးလိုက်တယ်။

" ခများက..ကျုပ်မသေဒါကို
မအံ့သြဘူးလား''?

မျိုးမင်းမေးလိုက်တော့..ခပ်ဟဟအပြုံး
တစ်ခုနဲ့ပြုံးပြပြီးလက်ထဲကသေနပ်ကို
အေးအေးလူလူအိတ်ထည်းပြန်ထည့်
လိုက်တဲ့လူ။

ရန်သူအရှေ့မှာသေနပ်ကိုသိမ်းတယ်ဆိုတော့
ငြိမ်ချမ်းရေးယူခြင်တဲ့သဘော
သက်ရောက်နေတာမို့မျိုးမင်းလည်း
ခါးကြားထဲကသေနပ်ကိုရှပ်အကျီ်စဖြင့်
ဖုန်းအုပ်လိုက်တယ်။

" ကျုပ်မသေဘူးဆိုတာ.
ခများအစထဲကသိနေတာလား''?

" ဝမ်းသာတယ်..မျိုးမင်း။အဖမ်းခံရတဲ့
အထဲမှာမင်းမပါသွားလို့''?

" ကျုပ်ထင်ဒါက ဖမ်းတဲ့လူကခများ
ဖြစ်မယ်လို့''

" ဟက်... !! ထင်လောက်ပါတယ်..
ငါက..အစထဲကတဏှာရူးလူဆိုးဘဲကို''

" ဒီတစ်ကြိမ်..ကျုပ်အရင်စမပြောဘူးနော်
ခများဟာခများပြောတာ''?

" အင်..ထားပါ..ငါနောက်လိုက်နေရတဲ့
အကြောင်းအရင်းကမင့်သူ့ငယ်ချင်းတွေကို
ငါဖမ်းထားတယ်ထင်လို့ဆိုရင်တော့
လမ်းကြောင်းပြောင်းပြီး..စုံစမ်းလိုက်တော့''

သူကြီး..လင်.. (unicode./ zawgyi) Onde histórias criam vida. Descubra agora