|| 29 ||

15.5K 774 12
                                    


Unicode

" ငါတောင်းပန်ပါတယ်..တိုက်စိုးရယ်
ငါတို့ရွာကသူကြီးက..နည်းနည်းရူးသွားလို့ပါ
စိတ်မပူနဲ့နော်..မင်းကိုဒီနှစ်ရက်အတွင်း
ငါထမင်းကြွေးပါ့မယ်..''

ထိတ်တုံးထဲရောက်နေတဲ့တိုက်စိုးကို
လက်ရာလက်အုပ်ကလေးချီပြီး
တောင်းပန်လိုက်သည်။ဘူ့မသိဘမသိနဲ့
ထိတ်တုံးစာမိသွားတဲ့တိုက်စိုးမှာတော့
သူ့​ယောကျာ်းသူကြီးကိုအရှေ့ထားပြီး
ဒီရွာကသူကြီးနည်းနည်းရူးသွားလို့ပါ
လို့ပြောနေတဲ့ လင်းလက်ရာကို
မျက်လုံးလေးအဝိုင်းသားနဲ့သာ
ကြည့်နေမိတော့သည်။

အာဏာခမျာ သူ့ကိုရူးတယ်လို့
ပြောနေတဲ့ကလေးငယ်ကြောင့်
ပိုက်ထားမိတဲ့လက်ကလေးတောင်
ပြေကျသွားရသည်။

သူပိုင်တဲ့တင်းပါးအိအိကိုလာထိလို့
ထိတ်တုံးနှစ်ရက်ခတ်မိတာသူမှားလား။
ဒါကိုဒင်းလေးက..အရူးတဲ့လေ။

" ကလေး...ကိုယ်မရူးဘူး''!!

" ခများ...ပါစပ်ပိတ်!!
ခများရူးလို့ဘဲ..အပစ်မရှိတဲ့လူကို
ထိတ်တုံးခတ်တာလေ..မရူးတဲ့လူဆို
ဘယ်သူမှအခုလိုမလုပ်ဘူး''

" သူမှာအပစ်မရှိဘူးလို့ဘယ်သူပြောလည်း?
မောင်ပိုင်တဲ့ကလေးတင်ပါးကို
ဒီကောင်ထိထားဒါလေ''

" ဟာ..ဒါမတော်တဆလေ....
သူသာမကယ်ရင်ကျုပ်လည်း
အဲ့မန်ကျည်းပင်ပေါ်မှာညအိပ်နေရမှာ''

" မတော်တာတွေ..တော်တာတွေ
မောင်မသိဘူး..မောင်သိတာက
အပစ်ရှိတဲ့လူကိုအပစ်ပေးတာဘဲ''

" မောင်...!!''

" ထပ်စကားမထွက်လာနဲ့...မနေ့ကလို
အရိုက်မခံခြင်ရင်''

လက်ရာနှုတ်ခမ်းလေးစူပုတ်သွားပြီး
ရပ်နေတဲ့မောင့်ကိုကြည့်ကာ
မျက်စောင်းထိုး၍ ခြေဆောင့်ကာ
အိမ်ထဲဝင်ခဲ့လိုက်တော့သည်။

မနေ့ညထဲက မောင်ကသူ့ကိုမောင့်အိမ်ဆီ
ပြန်ခေါ်လာတော့လက်ရာဆောင့်လိုက်တိုင်း
ပြင်အိမ်ကလေးမှာတစ်ဒုန်းဒုန်းနဲ့မြည်သံများ
ထွက်ပေါ်နေရတော့သည်။

" လိုက်ကြည့်မနေနဲ့..မျက်လုံးကိုအစိမ်းလိုက်
ထုတ်ပစ်ပလိုက်မယ်''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now