|| 56 ||

12.4K 577 7
                                    

Unicode

" လှည်း.. ''!

လက်ရာ သူ့အရှေ့က နွားလှည်း
ကြီးကြောင့်မျက်လုံးပြူးသွားရသည်။
ဆေးရုံက ဆေးတဲ့လူကိုလာကြိုတဲ့
ပုံစံကနွားလှည်းတဲ့လေ။

" ဟုတ်တယ်လေ..ဘာလို့လည်း
ကလေးရဲ့''

" စဥ်းစဥ်းစားစားလည်းလုပ်ပါအုန်း
မောင်ရယ်..ဗိုက်ခွဲထားလို့ဆိုပြီး
ကိုယ့်သားကိုယ်တောင်မပွေ့ခိုင်းဘဲ
ဖင်အောင်တဲ့လှည်းနဲ့ကြိုရလား''?

" အာ..မောင်..မေ့သွားလို့
မောင်က မောင့်ကလေးကို
လမ်းမလျှောက်စေခြင်လို့
လှည်းစီစဥ်ခိုင်းလိုက်တာ ''

" ဒါဆိုလှည်းနဲ့ ကျွန်တော်တို့ဘဲ
ပြန်လိုက်သွားလိုက်မယ်..လင်းလက်ရာနဲ့
သူကြီးကလမ်းလျှောက်ပြန်ခဲ့လိုက်ပေါ့''

ဒီနေ့အားလုံးဆေးခန်းကအိမ်ပြန်
ကျတဲ့နေဖြစ်လို့အကြိုလာတဲ့
လှည့်အနောက်လူစုံလို့နေသည်။

အဌေးစကားကိုအာဏာခေါင်းငြိမ့်ကာ။

" အဆင်ပြေတယ် အထုတ်တွေနဲ
မင်းတို့တစ်စုဘဲလှည်းနဲ့
ပြန်သွားလိုက်..ေပါက်စလေးကိုပါ
ေခါ်သွား..သမီးနှင်းနွယ်
ခေါ်သွားလိုက်နော်''

" ရတယ်အဖေ..လင်းလက်ရာကို​ဂရုစိုက်''

နှင်းနွယ်စကားကြောင့်အာဏာ့
မျက်စောင်းရဲရဲကဒိုင်းကနဲ
ရောက်သွားတော့သည်။

" အပူမပါဘူး..နင့်မောင်ကိုသာ
ဂရုစိုက်''!

" အဖေကလည်း''

စိုးရိမ်လို့ပြောမိပါတယ်။
သူ့လင်နဲ့သဝန်တိုသွားတဲ့အဖေ
ကြောင့်နှင်းနွယ်နှုတ်ခမ်းစူထွက်သွား
တော့သည်။

လူအပြည့်ပါသွားတဲ့လှည်းလေး
ဆေးခန်းအရှေ့ကပျောက်ကွယ်
သွားမှ။

" မောင်.. ကျုပ် တို့
ဘာနဲ့ပြန်မှာလည်း''

" အငြိမ့်စားလှည်းနဲ့လေ''

" ဟမ်. ""!

မောင်ဆိုလိုတဲ့အငြိမ့်စား
လှည်ယဥ်လေးကိုလက်ရာ
ကြိုက်လွန်းလို့မျက်နှာလေး
ပြုံးရွှင်လို့နေတော့သည်။

" မောင်.. ကျုပ်ဒီလှည်းကို
ကြိုက်တယ်''

" မောင့်ကျောပြင်က..ကလေးအတွက်
ထာဝရလှည်းယဥ်လေးမို့
ကြိုက်လို့ရပါတယ်သတဲ့ဗျာ''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now