Unicode
သူကြီး...လင်
Part-5
" မနက်အစောကြီး မင်းအရေးကြီးတယ်
ဆိုတဲ့အရာက ဒါလားလင်းလက်ရာ...''အရှေ့ကကြာကန်ကြီးကိုကြည့်၍
မျိုးမင်း စိတ်မရှည်တဲ့လေသံဖြင့်
လက်ရာ ကိုမေးလိုက်သည်။" ကြာကန်...ဒီကြာကန်မှာမင်းဘာလုပ်
မလို့လည်း....လက်ရာ..''မနက်အစောကြီး ရွယ်အလယ်မှာရှိတဲ့
အိမ်ကို ရွာထိတ်ကနေ ရောက်အောင်လာပြီး
အိပ်နေတဲ့ သူတို့ကိုမရရအောင်
ကန်ဆောင့်နိုးပြီး အရေးကြီးတယ်
ဆိုကာခေါ်ခဲ့သည့်နေရာက ရွာအနောက်က
ကြာကန်ကိုတဲ့။ရွာအနောက်ဘက်ရှိ အင်းနံဘေးက
ကြာကန်လေးကို ရောက်အောင်ခေါ်လာ
၍ နေမြင့်မှထကြတဲ့နှစ်ကောင်ခမျာ..
အိပ်ချင်မူးတူးတူးဖြင့် လိုက်လာရသည်။လက်ရာ အရှေ့က ပန်းရောင် အပြာရောင်နဲ့
အဖြူစပ်အရောင်တွေ စုံညီအောင်
ပွင့်နေတဲ့ကြာကန်ကြီးထဲက
ကြာပန်းပွင့်တွေကိုကြည့်ပြီး
ပြုံးလိုက်သည်။ကြာပန်းတွေက မနက်အစောကြီးမှသာ
ပွင့်လန်းကြပြီနေ့လယ်တွေဆို ဖူးငုံ့
သွားတတ်ကြသဖြင့် မိုးမလင်းခင်
ရောက်အောင်လာခူးခြင်းဖြစ်သည်။ရွာထိတ်ကနေ ရွာအနောက်ပိုင်း
အထိ လာခူးရမည့်အတွက် ရွာလမ်း
တစ်လျှောက်ခရေပင်တွေအုပ်ဆိုင်းနေတဲ့
လမ်းမကြီးကို ဖြတ်ရမှာ သူရဲ
ကြောက်တာနဲ့ ဟိုနှစ်ကောင်ကို
မရရအောင်နိုးခေါ်ခဲ့သည်။" ကြာပန်းခူး မလို့ ''
" ဘာ... ? ကြာပန်းခူးပြီး
မင်းက ဘာလုပ်မလို့လည်း...''" ဟ..ငါရဲ့ အသည်းအသက်လေး
သူကြီးကို ပေးမလို့ပေါ့..''" ဟမ်... '''
မျိုးမင်းနဲ့အဌေး လက်ရာ စကားကြောင့်
အီးမှန်ထားတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြသည်။" လက်ရာ..မင်းလိုက်နေတာ ယောကျာ်လေး
တစ်ယောက်နော်...ပန်းခူးပြီး
ပေးရအောင် မိန်းကလေးမဟုတ်ဘူး...''" ယောကျာ်းလေးက ပန်းမကြိုက်ဘူးလို့
မင့်ကိုဘယ်သူပြောလဲ အဌေး...
ဒီမှာ ငါပေးတဲ့ပန်း သူမကြိုက်ရင်လည်းရတယ်
ဘာလို့ဆို ငါပန်းပေးတာက သူကြိုက်မကြိုက်
စဥ်းစားပြီးပေးတာမှမဟုတ်တာ...
ဒီအတိုင်း အမှတ်ရခြင်လို့ အိပ်ရေးအပျက်ခံ
ပြီးပန်းလာခူးပြီး သွားပေးမှာ ''