Part-2

21.7K 1.2K 104
                                    


Unicode

သူကြီး..လင်

Part-2

" သူကြီး.. !! ကျုပ်တို့မကျေနပ်ဘူးဗျာ
ကျုပ်တို့အတွက်ပါ ဒီကောင်​တွေကို
အပစ်ပေး..ပေး..အဲ့လိုမှမဟုတ်ရင်
ကျုပ်တို့ ညီအကိုလေးယောက်
ဘယ်လိုမှ ဒီကိစ္စကို မကျေအေးပေးနိုင်ဘူး''

" မင်းတို့ စိတ်တိုင်ကျ ဖြစ်စေရမယ်
ပြသနာကို ဒီမှာဘဲကျေအေးပေးလိုက်
အပိုတွေလုပ်ပြီး ဟိုမှာချောင်းရိုက်
ဒီမှာချောင်းရိုက် လုပ်တာမျိုး
ငါမကြားချင်းဘူး..စိတ်ချ
ဒီသုံးကောင်ကို နှစ်ရက်တိတိ
ငါ ထိတ်တုံးခတ်ပြီး ချုပ်ထားပေးမယ်
ဒီလောက်ဆို ကျေနပ်ပြီမလား.''

သူကြီးဆိုတဲ့ အာဏာနဲ့ လေသံမာမာ
ပြောချလိုက်မှ နှမပျောက်
လူမိုက်လေးယောက် ငြိမ်ကျ
သွားကြသည်။...အမေ ဓားပြတိုက်လို့မှ
အားမရ...နောက်တစ်ရက်မိုးမချုပ်သေးဘူး
ဒင်းတို့သုံးယောက်ရဲ့ပြသနာကထပ်ပေါ်
လာပြန်ပြီ။

လင်းလက်ရာတို့က လူကသာကြည့်ရင်ပိစိ။
ရန်သွားစလိုက်ရင် တစ်ကယ့်ကျွဲလိုနွားလို
လူကြီးတွေကိုကြီးဘဲ။ အခုလည်းကြည့်လေ
ရွာရဲ့ ဆိုးပြီ မိုက်ပြီဆိုတဲ့လူမိုက်လေးယောက်ရဲ့
ညီမကိုမှ လင်နောက်လိုက်ဖို့ သွားကူပေးခဲ့တယ်။
ပျားအုန်မှန်းသိရက်နဲ့ ဒုတ်နဲ့ သွားထိုးတဲ့
ကောင်ကို ဘယ်လိုဆုံးမ ရမှန်းကို
မသိတော့ဘူး။

" ထိတ်တုံး ခတ်ခံရတာလောက်နဲ့တော့
ကျုပ်တို့မကျေနပ်နိုင်ဘူးသူကြီး
ကျုပ်တို့ညီအကိုတွေ ဒင်းကြောင့်
ဆုံးရှုံးလိုက်ရတာက ညီမတစ်ယောက်လုံးကြီး
ဒီထက်ပိုပြင်းတဲ့ အပစ်ပေးမှ ကျေနပ်နိုင်မယ် ''

လက်ရာ ထိတ်တုံးခတ်ခံထားရတဲ့ကြားက
သူကြီးနဲ့စကားပြောနေတဲ့ သန်းမေ အကို
နွားလိုကောင်တွေကို ကြည့်နေတာ
အတော်ကြာပြီ။ ကြည့်ကောင်းလို့
ကြည့်နေတာတော့မဟုတ်ဘူး..
ခြေထောက်မှာထိတ်တုံးရှိနေတာကော
ချစ်ရသူ နှင်းနွယ်လေးရဲ့ အိမ်ကြောင့်သာ
အေးအေးဆေးဆေးကြည့်နေတာ။
ရင်ထဲမှာတော့ထ ထိုးပစ်ခြင်နေတဲ့
စိတ်တွေ ပလူကိုပျံ လို့။

" သူကြီးဆုံးဖြတ်တာကိုဘဲ
လက်ခံပေးကျပါ ငါ့တူတို့ရယ်
အဒေါ့်သားအစားအဒေါ်ကဘဲ
တောင်းပန်ပါတယ်..ငါ့တူတို့
ဘာဖြစ်ချင်လည်း..ဘာလိုချင်လည်း
အဒေါ့်ကိုပြောအဒေါ်အကုန်လုပ်ပေးပါ့မယ် ''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now