|| 53 ||

11.6K 568 11
                                    

Unicode

" ကလေး..''!!

" မောင့်ကလေး..ဘယ်မှာလဲ ''!

" ကလေး.. ''!!

အာဏာ အပြေးအလွှားအကြောင်း
ကြားလာတဲ့အစ်မကြောင့်
အိမ်ကိုအမြန်ပြန်ပြေးခဲ့ခြင်း။

တိတ်ဆိတ်နေတဲ့အိမ်ကြီးက
သူ့နှလုံးကိုခြောက်လှန့်နေသလို။

ချစ်သောသူကိုအော်ဟစ်ရင်းနဲ့သာ
အိမ်ပေါ်သို့ပျဥ်လှေးကားထစ်
အတိုင်းခြေလှမ်းကျဲတွေနှင့်
တက်ကာစီးကျနေတဲ့မျက်ရည်
တွေကိုခပ်ကြမ်းကြမ်းသုတ်ဖယ်ပစ်
လိုက်သည်။

" လင်းလက်ရာ..မောင့်ကလေး''!

လူရိပ်တစ်စိုးတစ်စမျှမရှိပတ်ဝန်းကျင်
ကြောင့်အာဏာလက်မခံခြင်ဘဲ
လက်ရာအိမ်မှာမရှိတာကိုလက်ခံလိုက်
ရလေပြီ။

နီရဲနေတဲ့မျက်ဝန်းတွေနဲ့အတူ
ဘုရားခန်းအရှေ့ကအိပ်ယာ
ပေါ်ဒူးထောက်ထိုင်ချကာ
လက်သီးဆုတ်ကိုကျစ်ကျစ်ပါအောင်
ဆုတ်ထားလိုက်သည်။

" တောက်..!! ကျုပ်လူကိုထိတဲ့
ခများ..အာဏာခွန်းဆက် ဘယ်လို
လူဆိုတာသိစေရမယ်''

" ဘုတ်.. ''!!

ကြမ်းပြင်ပေါ်လက်သီးဆုတ်နဲ့
တစ်ချက်ရိုက်ချကာထရပ်လိုက်ပြီး
အိမ်ပေါ်ကပြေးဆင်းလိုက်သည်။

ခြံဝထွက်သည်နှင့်အပြေး
ရောက်လာတဲ့အဌေးနဲ့မျိုးမင်း
အမေးကိုမဖြေနိုင်။ရွာလမ်းမကြီး
အတိုင်းမရပ်မနားပြေးလိုက်၏။

" သူကြီး..!! "

ခေါ်လိုက်ပေမဲ့ဂရုမစိုက်ဘဲ
သူကြီးတစ်ယောက်နဲ့မတူ
အလူးအလဲပြေးသွားသူကြောင့်
အခြေအနေမကောင်းမှန်း
နှစ်ယောက်စလုံးသိလိုက်၏။

" သူကြီးဘယ်သွားမယ်ထင်လဲ
မျိုးမင်း''

" ငါ့အထင် ဦးဝင်းမြိုင်
ဆီဖြစ်လိမ့်မယ်'

" ဖြစ်နိုင်တယ်..သူကြီးနောက်ကို
မင်းလိုက်သွားလိုက်ငါထင်အောင်နဲ့
စိန်ကြီးတို့ကိုသွားခေါ်လိုက်မယ်''

" ညကြီးဖြစ်ပါ့မလား..အဌေး
မင်းတစ်ယောက်ထဲ''

" ငါမကြောက်တတ်ဘူးမျိုးမင်း
အရေးကြီးတာကမင်းလူနဲ့လက်ရာ
တို့အဖွဲ့ကိုအမြန်ရှာတွေ့ဖို့ဘဲ''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now