စာစဥ်အမြည်း

1.7K 26 4
                                    

မူရင်းစာရေးဆရာ-Xin Feng
ဘာသာပြန်စာရေးဆရာ-Second Fool Team
Mushi Mushi ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

(စာစဉ်အမြည်း)
------------------

မင်းတို့ အားလုံးငါ့ကို ဦးညွှတ်လာရလိမ့်မည်!

လင်းဖန် မှာယခုလက်ရှိဘဝတွင် အများနှင့်မတူ တမူထူးခြားသော စွမ်းရည်ကိုရရှိထားပါတယ်။ ထိုစွမ်းရည်သည် မည်သို့သော ပညာရပ်ဖြစ်စေ သတ်မှတ်ချက်တို့ကို ကျော်လွန်ကာ မူရင်းပညာထက် နှိုင်းယှဉ်လို့မရအောင် အစွမ်းထက်သည်အထိ အဆင့်မြှင့်တင်နိုင်သော စွမ်းရည်ပင်ဖြစ်သည်။

သာမန် သိုင်းပညာသာဖြစ်သော "မျောက်သစ်သီးခူး"ပညာအား အဆပေါင်းများစွာ သာလွန်သောပညာရပ်တစ်ခုအဖြစ်အဆင့်မြှင့်တင်လေ့ကျင့်ပြီးနောက်၊ ဤကမ္ဘာလောကတွင် အတုမဲ့သိုင်းပညာရှင်အဖြစ် မွေးဖွားလာကြောင်း မိမိကိုယ်မိမိ သဘောပေါက်လိုက်မိပါတယ်။ သို့ရာ၌ လောကတခွင်တွင် နာမည်ကျော်ကြားစေရန်မှာ လွန်စွာမှပင်ကြာညောင်းမည်ဖြစ်လေရာ လင်းဖန်မှာ ထိုမျှကြာမြင့်မည်ကို ငြီးငွေ့လှပေသည်။

လင်းဖန်မှာ သူ၏ အောင်မြင်မှုလမ်းကြောင်းအား လျှောက်လှမ်းရာ၌ အခြား အခြားသော သူရဲကောင်းတွေကဲ့သို့ အန္တာရယ်များကို ကျော်ဖြတ်ရမည်သာဖြစ်သည်။ သို့ပေမဲ့လည်း အလွန်မှပင် အရည်ထူကာအရှက်မရှိသော်လည်း အမှန်တရားကိုချစ်မြတ်နိုးကာ ထက်မြက်သောလူငယ်လေး လင်းဖန်၏ အောင်မြင်မှုလမ်းကြောင်း၌ တမူထူးခြားသော အလွဲများနှင့် ပြုမူတွေးခေါ်ပုံများမှာ စာဖတ်သူအား တဝါးဝါးတဟားဟား ဖြင့်ရယ်မောစေ ရပါလိမ့်မည်။
(စကားချပ်။ ။မြန်မာဟာသပရိသတ်များရဲ့ အသည်းကျော် တစ်ဉ်ီးဖြစ်သော စတီဗင်ချောင် ကဲ့သို့ပင်တည်း)

ဤစာအုပ်၏ အတက်အကျ ဇာတ်ကွက်များနှင့်အတူ ဇာတ်လိုက်ကျော်ကြီးတဖြစ်လဲ လင်းဖန်၏ တမူထူးခြားလှသော အလွဲများမှတဆင့် လူကျင့်ဝတ်သဘော သဘာဝကိုပါ ပေါ့ပေါ့ပါးပါးဖြင့် မြင်ရပါလိမ့်မည်။

သည်လောက၌ လင်းဖန်ဟူသော သာမန်ထက်ထူးခြားသော အနှိုင်းမဲ့ သိုင်းပညာရှင်တစ်ဦးပေါ်ထွက်လာချေပြီ။ လူတိုင်း လူတိုင်းမှ.....
"လင်းဖန် နင့်အတွက်ကလေးတွေ အများကြီးမွေးပေးချင်လိုက်တာ" ဟု........။

မူရင္းစာေရးဆရာ-Xin Feng
ဘာသာျပန္စာေရးဆရာ-Second Fool Team
Mushi Mushi ၏ ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။

(စာစဥ္အျမည္း)
------------------

မင္းတို႔ အားလုံးငါ့ကို ဦးၫႊတ္လာရလိမ့္မည္!

လင္းဖန္ မွာယခုလက္ရွိဘဝတြင္ အမ်ားႏွင့္မတူ တမူထူးျခားေသာ စြမ္းရည္ကိုရရွိထားပါတယ္။ ထိုစြမ္းရည္သည္ မည္သို႔ေသာ ပညာရပ္ျဖစ္ေစ သတ္မွတ္ခ်က္တို႔ကို ေက်ာ္လြန္ကာ မူရင္းပညာထက္ ႏွိုင္းယွဥ္လို႔မရေအာင္ အစြမ္းထက္သည္အထိ အဆင့္ျမႇင့္တင္နိုင္ေသာ စြမ္းရည္ပင္ျဖစ္သည္။

သာမန္ သိုင္းပညာသာျဖစ္ေသာ "ေမ်ာက္သစ္သီးခူး"ပညာအား အဆေပါင္းမ်ားစြာ သာလြန္ေသာပညာရပ္တစ္ခုအျဖစ္အဆင့္ျမႇင့္တင္ေလ့က်င့္ၿပီးေနာက္၊ဤကမၻာေလာကတြင္ အတုမဲ့သိုင္းပညာရွင္အျဖစ္ ေမြးဖြားလာေၾကာင္း မိမိကိုယ္မိမိ သေဘာေပါက္လိုက္မိပါတယ္။ သို႔ရာ၌ ေလာကတခြင္တြင္ နာမည္ေက်ာ္ၾကားေစရန္မွာ လြန္စြာမွပင္ၾကာေညာင္းမည္ျဖစ္ေလရာ လင္းဖန္မွာ ထိုမွ်ၾကာျမင့္မည္ကို ၿငီးေငြ႕လွေပသည္။

လင္းဖန္မွာ သူ၏ ေအာင္ျမင္မႈလမ္းေၾကာင္းအား ေလွ်ာက္လွမ္းရာ၌ အျခား အျခားေသာ သူရဲေကာင္းေတြကဲ့သို႔ အႏၱရယ္မ်ားကို ေက်ာ္ျဖတ္ရမည္သာျဖစ္သည္။
သို႔ေပမဲ့လည္း အလြန္မွပင္ အရည္ထူကာအရွက္မရွိေသာ္လည္း အမွန္တရားကိုခ်စ္ျမတ္နိုးကာ ထက္ျမက္ေသာလူငယ္ေလး လင္းဖန္၏ ေအာင္ျမင္မႈလမ္းေၾကာင္း၌ တမူထူးျခားေသာ အလြဲမ်ားႏွင့္ ျပဳမူေတြးေခၚပုံမ်ားမွာ စာဖတ္သူအား တဝါးဝါးတဟားဟား ျဖင့္ရယ္ေမာေစ ရပါလိမ့္မည္။
(စကားခ်ပ္။ ။ျမန္မာဟာသပရိသတ္မ်ားရဲ႕ အသည္းေက်ာ္ တစ်ဉ်ီးဖြစ်သော စတီဗင္ေခ်ာင္ ကဲ့သို႔ပင္တည္း)

ဤစာအုပ္၏ အတက္အက် ဇာတ္ကြက္မ်ားႏွင့္အတူ ဇာတ္လိုက္ေက်ာ္ႀကီးတျဖစ္လဲ လင္းဖန္၏ တမူထူးျခားလွေသာ အလြဲမ်ားမွတဆင့္ လူက်င့္ဝတ္သေဘာ သဘာဝကိုပါ ေပါ့ေပါ့ပါးပါးျဖင့္ ျမင္ရပါလိမ့္မည္။

သည္ေလာက၌ လင္းဖန္ဟူေသာ သာမန္ထက္ထူးျခားေသာ အႏွိုင္းမဲ့ သိုင္းပညာရွင္တစ္ဦးေပၚထြက္လာေခ်ၿပီ။ လူတိုင္း လူတိုင္းမွ.....
"လင္းဖန္ နင့္အတြက္ကေလးေတြ အမ်ားႀကီးေမြး ေပးခ်င္လိုက္တာ" ဟု........။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now