အပိုင်း (၃)

241 17 0
                                    

Unicode

လင်းဖန်မှာ သတိရ၍ မျက်လုံးဖွင်လျှင်ဖွင့်ချင်းပင် သရဲမက မြင်လျှင်ပင် လန့်ဖျပ်လောက်သော ဆိုးဝါးလှသည့် မျက်နှာများကို မြင်တွေ့ရသောအခါ လန့်ဖျပ်သွားပါတယ်။ လူသဲအိတ်များမှာ လင်းဖန်သေဆုံးသွားပြီအထင်ဖြင့် ငိုကြွေးထားကြသည်ဖြစ်ရာ လေ့ကျင့်ရေးကွင်းမှ ဖုန်ပေသောမျက်နှာပေါ်တွင် မျက်ရည်ချောင်းများ နှပ်များ ထပ်ဆင့်၍ တန်ဆာဆင်ထားသကဲ့သို့ဖြစ်ရာ ဤသို့သောမျက်နှာတွေအား မည်သူမဆို ရုတ်တရက်မြင်လျှင် လန့်ဖြတ်သွားမည်သာဖြစ်၏။ လင်းဖန်မှာလည်း မိမိသတိမေ့နေစဉ်အတွင်း ပြဿနာတစ်ခုတက်ထားသည်
အထင်ဖြင့်ထိတ်လန့်ကာ...

"ဟိတ်ကောင်တွေ..၊မင်းတို့ ဘာဖြစ်နေကြတာလဲ" ဟု အလန့်တကြား  မေးလိုက်ပါတော့တယ်။

"အစ်ကိုကြီး သတိရလာပြီလား၊ ထင်သားပဲ အစ်ကိုကြီးက လွယ်လွယ်နဲ့သေမယ့်လူမှ မဟုတ်ဘဲ" ဟု ဝမ်းသာအားရ ပြောကြပါတယ်။

                 "အန်"

လင်းဖန်မှာ ရုတ်တရက် အံသြသွားတယ်။ စိတ်ထဲမှလည်း... "ဒီကောင်တွေ ဘာဖြစ်သွားတာလဲဟ ငါကလည်း ဘယ်တုန်းက သူတို့ရဲ့အစ်ကိုကြီးဖြစ်သွားတာလဲ" ဟူ၍ တွေးမိသွားသည်။

လင်းဖန်မှာ သူ၏စနစ်သည် ယခုအချိန်မှ စတင်ပြီး ရာခိုင်နှုန်းပြည့်အသုံးပြု၍ ရလာသည်ဖြစ်လေရာ သူ၏စနစ်အား  စစ်ဆေးကြည့်လိုက်တယ်။

  အမည်            -  လင်းဖန်
  အဆင့်            -    ၁
အတွေ့အကြုံ    -  (0/10)
ကျွမ်းကျင်မှု     - တိုက်တေနီယန်နတ်ဆိုးခန္ဓာ
အဆင့်၅ (3000/10,000)

'မိမိကိုယ်တိုင် ဆက်လက်၍ အဆင့်မြင့်တင်ပါ '

စနစ်မှာ အရမ်းကြီးကွဲပြားမသွားသော်လည်း
အတွေ့အကြုံဟူသောနေရာ၌ (0/10) ဟူ၍ အနည်းငယ် ပြောင်းလဲသွားပါတယ်။

"ဟေ့...အစ်ကိုကြီး ဗိုက်ဆာနေမှာပေါ့ စားစရာသွားယူစမ်း "

"ဟုတ်...ဟုတ်ကဲ့"

လင်းဖန်မှာလည်း အတော်ပင်ဆာလောင်နေသည်ဖြစ်ရာ ဘာမှထွေထွေထူးထူးပြောဆိုမနေဘဲ
လူသဲအိတ် တစ်ယောက်ယူလာသော ကြက်စွတ်ပြုတ်အား အားရပါးရ မော့သောက်လိုက်တော့ပါတယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now