Unicode
အပိုင်း_၂၄: အစ်ကိုတို့ရေ ညီလေးကို ဆေးလုံးတောင်ကြီးနဲ့သာ ဖိသတ်လိုက်ပါတော့...
တစ်ကယ်တမ်းတော့ လင်းဖန်မှာ ရီကျုံးယွီ ရောက်လာသည့်အတွက် အလွန်ပင် ကျေနပ်မိပါတယ်။ ရီကျုံးယွီမှာ အပြင်စည်းထိပ်သီးတပည့် ၁၀ ယောက်ထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သောကြောင့် အခြားသူများထက် ပိုင်ဆိုင်မှုမှာ အများအပြား သာလွန်မည်မှာ အမှန်ပင်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုပါမူ ထောင်ချီသော အပြင်စည်းတပည့်ထဲမှ ထိပ်သီး ၁၀ယောက်အား ဂိုဏ်းမှ အထူးအခွင့်ရေး ပေးမည်မှာ အမှန်ပင်ဖြစ်ပါတယ်။ လင်းဖန်မှာ ယခင်က ထိပ်သီး ၁၀ ယောက်တွင် မန်ယန်ကျွမ်းတစ်ယောက်သာ တွေ့ဖူးလေရာ မန်ယန်ကျွမ်းမှာ နောက်ပိုင်းကောင်းကင် အဆင့် ၆ သို့ရောက်ရှိနေသော်လည်း အပြင်စည်းတပည့်များထဲတွင်သာ
ကျင်လည်နေခြင်းဖြစ်ပါတယ်။ လင်းဖန်မှာ သူ၏ဒေတာစနစ်ကြောင့်ပင် အခြားသူ၏ သိုင်းပညာအဆင့်အား မသိရပါက တစ်နေ့နေ့၌ မန်ယန်ကျွမ်း၏ လှည့်စားမှုအား မခံရနိုင်ဟု မည်သူ အာမခံမည်နည်း။"မင်းရဲ့ဓားကို ငါ ဆေးလုံး ၁၀၀၀နဲ့ ဝယ်မယ်"
ရီကျုံးယွီမှာ အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး သူ၏ယောကျာ်းပီသ၍ ရဲဝံသော ဟန်ပန်မှာ တစ်ခါကြည်ရုံမျှဖြင့် မှတ်မိစေနိုင်ပါတယ်။
"အစ်ကို...အစ်ကိုပေးတဲ့ ဆေးလုံး ၁၀၀၀ က တစ်ကယ့်ကို များတဲ့စျေးပါဘဲ...ဒါပေမယ့် အရောင်းအဝယ်သဘောအရ အခြားစျေးပြိုင်ပေးမယ့်သူ ရှိမရှိခဏတော့ စောင့်ပါအုံး...နော်"
လင်းဖန်မှာ ရီကျုံးယွီအား ထိပ်သီးကျောင်းသား တစ်ဦးမှန်းသိသော်လည်း မသိသလို ဟန်လုပ်၍ ပြောလိုက်ပါတယ်။ စာဖတ်သူတို့၏ ဇာတ်လိုက်ကျော် လင်းဖန်မှာ သူ၏လုပ်ရိုးလုပ်စဉ်အား သွေဖယ်ကာ ရီကျုံးယွီအား အလွယ်တကူ အဘယ်သို့ ပေးနိုင်လိမ့်မည်နည်း။ အနည်းငယ် လက်ပေါက်ကပ်ကာ မကလိလိုက်ရပါမူ လင်းဖန်၏ ရာဇဝင်ရိုင်းသွားပေလိမ့်မည် မဟုတ်ပါလား။ ထိုအခါ နဂိုတည်းက လင်းဖန်အား ခပ်ချဉ်ချဉ်ဖြစ်နေသော ဝမ်တန်းယွမ်မှာ
"ဟွန့် ...အစ်ကိုရီတောင် မသိဘဲ လူစွာလုပ်နေသေးတယ်"
ဟု မကြားတကြားပြောလိုက်ပါတယ်။