အပိုင်း (၁၃)

120 9 0
                                    

Unicode

ထမင်းစားဆောင်အတွင်းရှိ ဂိုဏ်းသူဂိုဏ်းသားများမှာ အခြေအနေကို အကဲခတ်နေပါတယ်။ တချို့မှာလဲမိန်းကလေးအတွက်စိတ်မကောင်းဖြစ်နေကြပါတယ်။ ထိုဗိုလ်ကျနေသောသူမှာ အပြင်စည်းတပည့်များထဲမှ ထိပ်ဆုံး ၁၀ ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်သော ရီကျုံးထန်း၏လက်အောက်မှ လူဖြစ်လေရာ အားလုံးမှာ အသာအယာပင်ရပ်လျက် သူတို့နှင့် မဆိုင်သလိုကြည့်နေကြပါတယ်။

"နင့်မနက်စာကို ငါယူစားတာဘာဖြစ်လဲ၊ နင် ဘာလုပ်ချင်လဲ"
ဝမ်တန်းဖန်မှာ ကြမ်းကြုတ်စွာပင်ပြောလိုက်ပါတယ်။

သာမန်လူသာ ဤကဲ့သို့ချစ်စဖွယ်ကောင်းလှသော မိန်းကလေးအားတွေ့ပါမူ ဗိုလ်ကျဖို့ဝေးစွ အလုအယက်ပင် ကူညီပေးလိမ့်အုံးမည်။ ဝမ်တန်းဖန်ကား ပျိုမျစ်နုနယ် ချစ်စရာကောင်းမှုအား မခံစားတတ်သလိုပင်။

လင်းဖန်သည်လည်း ထိုကောင်မလေးအား မြင်မိသော် အလွန်ချစ်စရာကောင်းမှန်း ဝန်ခံမိပါတယ်။ ထို့အပြင် မနက်စာအားစားပြီးပြီချင်းပင် သူ၏အတွေ့ အကြုံရမှတ်များမှာ တိုးတက်လာသည်ဖြစ်ရာ ဤမနက်စာမှာ သာမန်မနက်စာမျိုးမဟုတ်မှန်း သဘော ပေါက်မိပါတယ်။

ချစ်စဖွယ်ကောင်မလေးမှာ သူ၏အရှေ့ရှိ လူ့ဘီလူးကြီးအားစိုက်ကြည့်နေပြီး အံကြိတ်လျက်သာ ရှိနေပါတယ်။ ဝမ်တန်းဖန်မှာလည်း ကောင်မလေး၏ မနက်စာပန်းကန်ထဲမှ အချို့ဟင်းများကို ပိုင်စိုးပိုင် နင်းနဲ့ပင် နှိုက်ကာစားနေပါတယ်။ နီမင်းယန်၊ ယင်ပိုင်ချွမ်းတို့၏ ဂိုဏ်းတူညီငယ် ညီမငယ်များအပေါ်ဂရုစိုက်မှုနှင့် ယှဉ်သော် ဝမ်တန်းဖန်၏အပြုအမူမှာ မိုးနှင့်မြေထက်ပင် ဝေးကွာလှပါတယ်။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းတူဂိုဏ်းသားများမှာ အလွန်မှပင်ချစ်စရာကောင်းသော ဂိုဏ်းတူညီမငယ်အား ကူညီလှချင်သော်လည်း ဝမ်တန်းဖန်အား ကြောက်ရသည်ဖြစ်ရာ လှုပ်ပင်မလှုပ်ရဲကြပေ။

လူအုပ်ကြားထဲတွင်ရှိသော ဟန်လုမှာလဲ အသာငြိမ်လျက်သာ အခြေအနေကိုစောင့်ကြည့်နေပါတယ်။

"ဒီထက် ငါပိုကြိုးစားရမယ်။ အားကြီးသူက အားနည်းတဲ့သူကို အနိုင်ယူသွားတာပဲ။ ငါလည်း
ဒီထက်ပိုသန်မာလာမှဖြစ်မယ်။"

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now