Unicode
"ဒီကောင် ဘာပြောတာလဲဟ"
"အမှိုက်တဲ့ ဟုတ်လား၊မင်းက ငါတို့ကို
ဒီလိုပြောရဲတယ်ပေါ့""ခွေးကောင်၊ ငါတို့က အရံအပြင်စည်းတပည့်တွေကွ ဝင်ခွင့်စစ်ဆေးမှု အောင်မြင်သွားရင်
တရားဝင်အပြင်စည်းတပည့် ဖြစ်တော့မှာ မင်းလို လူသဲအိတ်ကောင်ကများ ငါတို့ကို စော်စော်ကားကားပြောတယ်ပေါ့ ""ညီအစ်ကိုအားလုံး စိတ်လျှော့ကြ၊
ငါတို့အားလုံးဟာ တစ်ကယ့်ပါရမီရှင်တွေနဲ့ မယှဉ်နိုင်ပေမယ့် ဒီလိုဘာမှမဟုတ်တဲ့ လူသဲအိတ်ကောင် စော်ကားလာတာကိုတော့ ငါပဲ ကြည့်ရှင်းလိုက်ပါမယ် "အမှန်တစ်ကယ်လည်း အရံအပြင်စည်း
တပည့်များမှာ အလွန်ပင်ဒေါသထွက်နေကြပါတယ်။
ဂိုဏ်း၏ အနိမ့်ဆုံးသော ကျွန်လူသဲအိတ်ကောင်မှာ သေချင်၍သာ ဤကဲ့သို့ပြောခြင်းဖြစ်ပေလိမ့်မည်။ ထိုတပည့်၏ စကားသံကို ကြားလိုက်ရလျှင် အားလုံးသောလူသဲအိတ်များမှာ လင်းဖန်အား ကျေးဇူးတင်လေးစားမှုများ နှလုံးသားအတွင်းမှ ပေါက်ဖွားလာတော့သည်။"အစ်ကိုကြီး "
"ခေါင်းဆောင်"
လင်းဖန်မှာ သူ့ဆီလျှောက်လှမ်းလာသူအား
အေးဆေးစွာ ကြည့်လျှက်နေပါတယ်။"ကောင်စုတ်လေး မင်းကတော်တော်ကို အလိုက်ကန်းဆိုးမသိတဲ့ကောင်ပဲ၊ ငါက မင်းလို ဘာမှအသုံးမဝင်တဲ့ကောင်ရဲ့ အသက်ကို
မနှုတ်ယူဘူး ဆိုပေမယ့် ဒီလိုမောက်မာတဲ့အတွက် မင်းကို မှတ်သားလောက်အောင်တော့ သင်ခန်းစာပေးရလိမ့်မယ် "ဤအရံအပြင်စည်းတပည့်များမှာ
သူတော်စင်နတ်ဆိုးဂိုဏ်း၏သိုင်းပညာအား
သင်ကြားရခြင်းမရှိစေကာမူ သာမန်လူများ အတွက်မူ အရံအပြင်စည်းတပည့်များ၏စွမ်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ သံမဏိများနှင့်ကျောက်တုံးများအား မဖျက်စီးနိုင်စေကာမူ ပန်းကန်တစ်လုံးအရွယ်ရှိသော သစ်ကိုင်းကိုမူ အလွယ်တကူ
ချိုးဖျက်နိုင်သော ခွန်အားရှိပေသည်။"ကျား...."
အရံအပြင်စည်းတပည့်မှာ လင်းဖန်အား ပညာပေးရန် မာန်သွင်းလျက် ခြေထောက်ဖြင့် အားကုန်သုံး၍ ကန်လိုက်ပါတယ်။