အပိုင်း (၄၀)

92 8 0
                                    

Unicode

လင်လုံဓားဂိုဏ်းရဲ့ အထွတ်အမြတ်နေရာမှာ  ဂိုဏ်း၏ မြောက်ဘက်၌ တည်ရှိပါတယ်။ ဒါ့အပြင် လင်လုံဂိုဏ်းရဲ့တည်နေရာမှာ တော်ရုံလူ အရောက် ပေါက်နည်းသော နေရာတွင် တည်ရှိလေရာ  လင်လုံဂိုဏ်းသားဖြစ်လိုသူ အမြောက်အများ ရှိလှသော်ငြား ရောက်ရှိရန် ခက်ခဲလှသဖြင့် တော်ရုံဇွဲဖြင့် ဂိုဏ်းသားမဖြစ်နိုင်ပေ။

“ ဒေါင် ဒေါင် ဒေါင် ”

ရုတ်တရက် ခေါင်းလောင်းသံများ ဆူညံစွာဖြင့် ထွက်ပေါ်လာလေရာ လင်လုံဂိုဏ်းဝင်တို့မှာ အံ့အားသင့်စွာဖြင့် ကြည့်မိလိုက်ကြပါတယ်။

“ ဆရာ.. ဆရာ.. မြန်မြန်လာပါဦး.. ဒီမှာ ဂိုဏ်းတူအစ်မ ဒဏ်ရာအကြီးအကျယ် ရလာတယ်.. ”

ဟူသော အသံနှင့်အတူ အရေးတကြီးနိုင်ဟန် ပေါ်နေသာ ဂိုဏ်းဝင်အချို့က ကောင်းကင်ယံကနေ ဆင်းသက်လာပါတော့တယ်။

လင်လုံဂိုဏ်းမှာ အတော်ပင်စည်းကမ်းတင်းကျပ်လှလေရာ တော်ရုံကိစ္စဖြင့် ဤသို့ ပြာယာခတ်မျှ ဖြစ်ပါမူ ကျိန်းသေ ဒဏ်ကျခံရမည် ဖြစ်ပါတယ်။ သို့ရာ၌ အခြေအနေမှာ အရေးကြီးနေလေရာ ထိုဂိုဏ်းဝင်တို့သည် စည်းကမ်းအား ဂရုပင်မစိုက်နိုင်တော့ပါဘူး။သူတို့မှာ နှစ်ရက်နှင့်နှစ်ညတိုင်တိုင် မရပ်မနားဖြင့် ဂိုဏ်းသို့ အပြင်းနှင်၍ ပြန်လာရသည် မဟုတ်လား။
သူတို့ရဲ့ ဂိုဏ်းတူအစ်မနီ မှာ အသက်ကယ်ဆေးများသာ လမ်းတလျှောက် မတိုက်ကျွေးလာပါမူ အချိန်မရွေး အသက်ဆုံးရှုံးရနိုင်ပါတယ်။

ဒါကြောင့်လည်း သူတို့၏ ဂိုဏ်းတူအမဖြစ်သူရဲ့
သေရေးရှင်ရေးကြောင့် အခုကဲ့သို့ ဂိုဏ်းစည်းကမ်းကိုပင် ဂရုမစိုက်အားဘဲ အလျင်စလို ဖြစ်နေရခြင်း ဖြစ်ပါတော့တယ်။ အဲ့ဒီအချိန်၌ ခန်းမကြီးအတွင်းမှ လေတိုးသံနှင့်အတူ လူတစ်ဦးက ထွက်လာပါတယ်။ အဲ့ဒီလူမှာ ဝတ်ဆင်ထားသော အဝတ်ကိုသာ
မတွေ့ရပါမူ ယောင်္ကျားလား မိန်းမလား ခွဲခြားရခက်လှတယ်။ ဘာကြောင့်လဲဆိုတော့ ထိုသူရဲ့ မျက်နှာတဝိုက်ရှိ လေထုမှာ စွမ်းအင်တစ်မျိုးကြောင့် ရေအိုင်မှ ရေများ တုန်ခါနေသလို ဖြစ်နေကာ မျက်နှာအား မမြင်ရသောကြောင့် ဖြစ်တယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now