Unicode
'တိန်… ဂုဏ်ယူပါတယ်။《တိုက်တေနီယံ နတ်ဆိုးခန္ဓာကိုယ်》ကျင့်စဉ် နောက်တစ်ဆင့်ကို တက်သွားပါပြီ´
ဒေတာစနစ်ရဲ့သတိပေးသံကို ကြားလိုက်ရလျှင် လင်းဖန်ကျေနပ်စွာပြုံးလျှက်
"ကြိုးစားမှုတိုင်းမှာတိုင်းမှာ တူညီတဲ့အကျိုးရလဒ်တွေရှိနေပါလား.. ကြိုးစားနေသရွေ့အောင်မြင်မှုဆိုတာ ရောက်ကိုရောက်လာမှာပဲလေ" ထိုကဲ့သို့ လင်းဖန်ပျော်ရွှင်စွာဖြင့် အတွေးများထဲနစ်မြောနေစဉ်...
"ဟင့် ညီအကိုတို့တော်ကြတော့ဟေ့.... မဟုတ်ရင်
ဒီကောင်သေသွားလိမ့်မယ်""ဘာ"
"ဟာ ငါတို့က ဘာပြောပြောတစ်ဂိုဏ်းထဲ ညီအကိုတွေလေ သေအောင်တော့မလုပ်ကြနဲ့ဟ"
ဟန်လုမှာ အဝေးကကြည့်ကာ မဲ့ပြုံးပြုံးလျှက်...
"ဒီလိုကောင်မျိုး သေသွားမှကောင်းသေး" ဟူ၍
ဆုတောင်းပေးလိုက်ပါတယ်။"ဘာကွ...မင်းတို့လိုကောင်တွေကများ ငါကိုသတ်နိုင်မှာလား။ ကိုယ့်ကိုကိုယ် အထင်တွေကြီးနေကြတယ် ငါမင်းတို့ကို အထင်သေးတယ်ပြောတာ တကယ်တော့ အထင်မကြီးလို့ကွ"
လင်းဖန်မှာကြုံတောင့်ကြုံခဲ အခွင့်အရေးကိုလက်လွှတ်မခံနိုင်သည့်အတွက် ကမန်းကတန်းအော်ဟစ်ပြောလိုက်ပါတော့တယ်။ မဲ့ပြုံးပြုံးကာအကျေအနပ်ကြီးကျေနပ်နေသော ဟန်လုမှာ
လင်းဖန်၏ ခံနိုင်ရည်ကို မည်သို့မှ မယုံကြည်နိုင်တော့ပေ။"ဟာ..ဒီကောင်က မာလှချည်းလား ဟုတ်ရော ဟုတ်ရဲ့လား"
"ခွေးကောင်လေး မင်းကိုယ်မင်းဘာထင်နေလို့တုန်း" အပြင်စည်းကျောင်းသားများမှာ လင်းဖန်၏စကားကိုကြားလိုက်ရလျှင်...
"ဖုန်း...ခွပ်"
‘တိန်… 《တိုက်တေနီယံ နတ်ဆိုးခန္ဓာကိုယ်》 ရမှတ် + 2000.’
‘တိန်… 《တိုက်တေနီယံ နတ်ဆိုးခန္ဓာကိုယ်》 ရမှတ် + 3000.’
‘တိန်… 《တိုက်တေနီယံ နတ်ဆိုးခန္ဓာကိုယ်》 ရမှတ် + 1000.’
လင်းဖန်၏ အတွေ့အကြုံရမှတ်များ တဟုန်ထိုး တက်လာသည်ကိုခံစားရသော် အကျေနပ်ကြီး ကျေနပ်နေပါတော့တယ်။ ရမှတ်များပိုများလေ ပိုကြိုက်လေပင်။ သို့ရာတွင် လင်ဖန်း၏ တစ်ခုတည်းသောအရာအတွက်တော့ အမှန်ပင် စိတ်ပျက်ကာ နောင်တရမိပါတယ်။ ထိုအရာက အပြင်စည်းတပည့် တော်တော်များများက ဝင်မချပဲ ရပ်ကြည့်နေသောကြောင့် ဖြစ်ပါတယ်။ ထိုသူများပါ ဝင်ထိုးပါက မည့်မျှကောင်းလိုက်မည်နည်း ဟူ၍တွေးကာ နှမြောတသ ဖြစ်နေပါတော့တယ်။