Unicode
အပိုင်း_၄၄: ဆရာတစ်ယောက် ဖြစ်လာသော လင်းဖန်
လင်းဖန်မှာ ဦးစွာပထမ ဤမင်းနေပြည်တော်အား လှည့်လည်၍ ကြည့်ရှုရန် ကြံရွယ်ထားပါတယ်။ အဲ့ဒီနောက် လင်းဖန်မှာ လမ်းဘေးတနေရာ၌ဖွင့်၍ ထားသော လက်ဖက်ရည်ဆိုင်(လက်ဖက်ရည်ဆိုင်ဆိုသည်မှာ အကြမ်းရည်နဲ့မုန့်များ ရောင်းသောဆိုင်ဖြစ်သည်။) ၌ ထိုင်၍ ရေနွေးကြမ်းသောက်ပြီးနောက်...
"ညီလေး ဒီမင်းနေပြည်တော်မှာ အဓိက မိသားစုကြီးတွေ ဘယ်လောက်တောင်ရှိလဲကွ"
ဟု တလက်စတည်းမေးလိုက်တယ်။"ဟုတ်ကဲ့ ဒီမင်းနေပြည်တော်မှာ အဓိက မိသားစုကြီး
လေးစုရှိပါတယ် ခင်ဗျ။ ယန်မိသားစု၊ ဟန်မိသားစု၊ ရှောက်မိသားစုနဲ့ ဟွမ်မိသားစု တို့ပါဘဲ။ ဒီ မိသားစုလေးစုက ဟိုးအရင့်အရင်ထဲက ရှိခဲ့ကြတာဗျ"
ဟု ပြန်ဖြေလိုက်ပါတယ်။လင်းဖန် မေးလိုက်သောသူမှာ လူငယ်တဦးမျှသာဖြစ်ပြီး ဤဆိုင်၏ ပိုင်ရှင်လည်းဖြစ်ပြီး အလုပ်သမားလည်း သူကိုယ်တိုင်ပင် ဖြစ်ပါတယ်။ ထိုလူငယ်မှာ မိသားစုလေးစု အကြောင်းအားပြောနေစဉ်၌ လေးစားအားကျသောအသွင်များ မျက်နှာ၌ ထင်ဟပ်၍နေပါတော့တယ်။ လင်းဖန်မှာ ဘာမှဆက်၍ အထွေအထူး မေးမြန်းခြင်းမပြုတော့ဘဲ
စားသောက်ပြီးနောက် ကျုရှင်းခဲ့ထံမှရရှိသော ငွေအကြွေအားချထားခဲ့ကာ ဆက်လက်၍မြို့အား လှည့်လည်လိုက်ပါတော့တယ်။လင်းဖန်မှာ မြို့အတွင်း လှည့်လည်သွားလာစဉ်
ကြီးကျယ်ခန်းနားလှသော အဆောက်အဦးများနှင့်အတူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် လူငယ်ပြောပြခဲ့သော မိသားစုကြီးလေးစုမှ မိသားစုဝင်တို့၏ နေအိမ်အဆောက်အဦးတို့အား မြင်ရုံမျှဖြင့်ပင် ထိုမိသားစုလေးစု၏ ကြီးကျယ်ခန်းနားလှပုံ ချမ်းသာကြွယ်လှပုံကို ခန့်မှန်းနိုင်ပါတယ်။ လင်းဖန်မှာ သူ့ရဲ့စဉ်းစားမိထားသော အကြံအစည်အရ သူ့ရဲ့ သိုင်းပညာအဆင့်အား မြှင့်တင်ရန်အတွက် ယှဉ်ပြိုင်သတ်ဖြတ်ရန် သို့မဟုတ် သားရဲမိစ္တာတို့အား ဖမ်းဆီးသတ်ဖြတ်ရန် သို့မဟုတ်ပါက ဆေးဝါးများအသုံးပြုရန်ဟူ၍
အကြမ်းးဖျင်းနည်းလမ်း သုံးနည်းရှိပါတယ်။ သို့ရာ၌ လွယ်လွယ်ကူကူနှင့် အနှောက်အယှက်နည်းသော လမ်းမှာ ဆေးဝါးများအသုံးပြု၍ မြှင့်တင်သော နည်းလမ်းမှန်း လင်းဖန်သဘောပေါက်မိပါတယ်။