အပိုင်း (၁)

789 18 0
                                    

Unicode

"အိုဘုရားရေ,နာတယ်ဗျ စီနီယာအကိုရ..။
ပြင်းပြင်း ထပ်ပြင်းပြင်း,မပြီးသေးဘူးလားဗျ ,ဒီမှာသေတော့မယ်"

သူတော်စင်နတ်မိစ္ဆာဂိုဏ်းရဲ့ လေ့ကျင့်ရေးကွင်းတစ်ခုမှာ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာ နာကျင်မှုတွေကို ကြိတ်ခံရင်း မတ်တပ်ရပ်လို့နေပါတယ်။ ဒါပေမဲ့ သူ့ပုံစံကနာကျင်မှုနဲ့အတူ တခုခုကိုလည်းကျေနပ်နေပုံပါပဲ။ ထိုသူကတော့ လင်းဖန်ပဲဖြစ်ပါတယ်။

တကယ်တော့ လင်းဖန်မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။
အဲ့ဒါက သူဟာ ကမ္ဘာမြေကနေဒီကမ္ဘာကိုရောက်လာတာပါ။ သူ့စိတ်ဝိဥာဉ်သာမကခန္ဓာကိုယ်ပါ တပါတည်း ရောက်လာတာပါ။ သူပထမဆုံးဒီလိုဆန်းကြယ်တဲ့ကမ္ဘာကိုရောက်တော့လင်းဖန်ရဲ့ နှလုံးသားကအလွန်ဝမ်းမြောက်ခဲ့ပါတယ်။ သူဖတ်ဖူးခဲ့တဲ့ xianxia (ရှန်းရှ)စာအုပ်တွေထဲမှာ သိုင်းပညာကျင့်ကြံသူတွေဟာ တစ်လောကလုံးကို လွှမ်းမိုးနိုင်တဲ့တန်ခိုးစွမ်းအားတွေသာမက ဂုဏ်ကျက်သရေနဲ့အတူ ငွေနဲ့ပစ္စည်းဥစ္စာ တို့ကပါပြည့်စုံနေလို့ပဲဖြစ်ပါတယ်။

သူတို့ရဲ့ ရိုးရှင်းတဲ့လှုပ်ရှားမှု၊ ပြိုင်ဘက်ကင်းတဲ့ဂုဏ်ကျက်သရေနဲ့ ဂိုဏ်းရဲ့အထွဋ်အမြတ်ဖြစ်သော ထိုသူတွေရဲ့ ရိုးရှင်းသောလှုပ်ရှားမှုတစ်ခုနှင့် စိုးရွံ့စေနိုင်လောက်အောင်လွှမ်းမိုးနိုင်သောဖိအားပေးမှုတို့ရဲ့ရှေ့မှောက်မှာ လူအများကနာခံမှုနှင့်ဦးညွှတ်ကြရပါတယ်။သို့သော် သူ့ရဲ့စိတ်ကူးယဉ်အိမ်မက်လေးမပြီးစီးခင်မှာပင် လင်းဖန်ဟာ တခုခုလွဲမှားနေတာကို သဘောပေါက်ခဲ့ပါတယ်။

တစ်နည်းနည်းနဲ့သူဟာ သူတော်စင်နတ်မိစ္ဆာဂိုဏ်းရဲ့တပည့်တွေအတွက် လက်သီးထိုးလေ့ကျင့်ရာလူသဲအိတ်အဖြစ်သာ အဆုံးသတ်ခဲ့ရပါတယ်။

ထိုအဖြစ်အပျက်က လင်းဖန်ကိုအံသြမင်သက်သွားစေခဲ့တယ်။ လင်းဖန်မှာ ဒီလိုကမ္ဘာကိုရောက်ရှိလာပြီး လူသဲအိတ်ဖြစ်လာတာကိုလက်မခံနိုင်ဖြစ်နေပါတယ်။ လူသဲအိတ်ဖြစ်နေရသည်ထက်စာရင် လုံးဝအသုံးမဝင်တဲ့အမှိုက်လိုလူတစ်ယောက်အနေနဲ့ အဆုံးသတ်သွားတာကမှ ပိုအဆင်ပြေပါသေးတယ်။ အနည်းဆုံးတော့ ရုပ်ဖျက်ပြီးအဝေးမှာ အထိုးအနှက်မခံရနိုင်ဘဲရှင်သန်နိုင်ပါဦးမယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now