Unicode
နောက်တစ်နေ့၌ လင်းဖန်မှာ သူတော်စင်နတ်ဆိုးဂိုဏ်း၏ အပြင်စည်းဝန်းကျင်၌ ဟိုကြည့်ဒီကြည့်နှင့် လမ်းလျှောက်နေပါတယ်။
ယနေ့သည်ကား သူတော်စင်နတ်ဆိုးဂိုဏ်း၏
အပြင်စည်းတပည့်များ လက်ခံသောနေ့ဖြစ်ပါတယ်။
အပြင်စည်းတပည့်တော်တော်များများမှာလည်း စစ်ဆေးရေးပွဲသို့လာရောက်ကာ အသစ်ရောက်ရှိလာသည့် တပည့်များ၏စွမ်းရည်စစ်ဆေးပွဲကို လာရောက်ကြည့်ရှုကြပါတယ်။လင်းဖန်မူကား စစ်ဆေးရေးပွဲကိုစိတ်ဝင်စားလွန်း၍ လာရောက်ခြင်းမဟုတ်ပေ။ အပြင်စည်းတပည့်တော်တော်များများ လာရောက်ကြည့်ရှုကြသောကြောင့် သူ့အတွက် ဂွင်ဖန်စရာမရှိသောကြောင့် ဖြစ်ပါတယ်။ လင်းဖန်မှာနဂိုကတည်းက စိတ်ဝင်စားခြင်းမရှိရာ ပျင်းလာကာ မည်သည့်နေရာကို သွားရမှန်းမသိဖြစ်နေပါတယ်။ ထိုအချိန်၌ မီးခိုးများနှင့်အတူ...
"ဒုန်း ဒုန်း"
သံ သံချင်းထုနေသောအသံများကိုကြားရလျှင်
ထိုနေရာသို့လျှောက်သွားလိုက်ပါတယ်။လမ်းတစ်လျှောက်ရှိ အိမ်များ၏ အစွန်ဆုံးတွင် မီးခိုးတလူလူနှင့် အိမ်တစ်လုံးကို တွေ့လိုက်ရပါတယ်။ ထိုသို့ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်လောက်အောင် အသံများထွက်နေသောအိမ်မှာ ပန်းပဲဖိုတစ်ခုသာဖြစ်ပါတယ်။ ဂိုဏ်းအတွင်း၌ အပြင်စည်းတပည့်များမှာ လစဉ် လက်နက်တစ်မျိုးဆီ ရရှိကြပါတယ်။
ထို့အပြင်ယခုပန်းပဲဖိုရှိ ပန်းပဲဆရာများမှာလဲ ဂိုဏ်းမှသေချာလေ့ကျင့်ပေးထားသော ပန်းပဲဆရာများဖြစ်ကြတယ်။ ဂိုဏ်းအတွင်း၌ တပည့်များ၏ လက်နက်များမှာ အဆင့်နိမ့်လက်နက်များဖြစ်ကြသော်လည်း နိုင်ငံတိုင်း၌ ထိုအဆင့်နိမ်လက်နက်များမှာ အမှန်ပင်တန်ဖိုးရှိလှပါတယ်။ သူတော်စင်နတ်ဆိုးဂိုဏ်း၏ အဆင့်နိမ်လက်နက်များမှာ သံကိုပင် အသာအယာ ပြတ်တောက်နိုင်သလို ဆံခြည်မျှင်ကို ဓားပေါ်တင်လိုက်လျှင် ပြတ်တောက်သွားအောင် ထက်မြက်လှရာ အပြင်လူများအတွက်မူ အဖိုးတန်လွန်းလှပါတယ်။ လင်းဖန်မှာ အပြင်စည်းတပည့်အဖြစ် ရောက်ရှိလာတာကြာပေမဲ့ အဆင်နိမ့်လက်နက်တစ်ခုမှမရှိရာ ရောက်တုန်းရောက်ခိုက် ဝယ်ရန်ဆုံးဖြတ်လိုက်ပါတယ်။ ထို့အပြင် အတွေးထဲ၌ လေထဲတွင် ဆံပင်များလွင့်နေသော ဝတ်စုံနက်ဝတ်ကာ ဓားက်ိုသိုင်းလွယ်ကာ အလွန်ပင်ခန့်ညားနေသော သူရဲကောင်းအဖြစ် မိမိကိုယ် မိမိပုံဖော်နေမိကာ သဘောအကျကြီး သဘောကျနေပါတော့တယ်။