အပိုင်း (၁၂)

132 9 0
                                    

Unicode

ခန်းမကြီးအတွင်း၌ကား အလွန်ပင်မှောင်နေရာ မိမိလက်ကို မိမိကိုယ်တိုင်ပင် မမြင်နိုင်ပေ။ သို့ရာ၌ အကြီးအကဲလီမှာ အမှောင်ထဲ၌ပင် စာအုပ်စင်၏ထိပ်ဆုံး၌ရှိသော စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ပါတယ်။

ထိုစာအုပ်မှာ ဂိုဏ်းတည်ထောင်သူ ခေတ်အဆက် ဆက်၏ ကိုယ်ရေးမှတ်တမ်းဖြစ်ပါတယ်။ အမှောင်ထဲ၌ အကြီးအကဲလီ၏ မျက်လုံးမှထွက်ပေါ်နေသော အစိမ်းရောင်နှင့်အတူ စာရွက်လှန်သံသာ ထွက်ပေါ်နေပါတယ်။

"ဒီလင်းဖန်က တိုက်တေနီယမ်နတ်ဆိုးခန္ဓာကိုယ်ကို ဘယ်လိုများ ဒီအဆင့်ထိရောက်အောင် ကျင့်လိုက်ပါလိမ့်"

အကြီးအကဲလီမှာမတွေးပဲ မနေနိုင်အောင် ဖြစ်နေရပါတယ်။ သူ့လက်ထဲ၌ကား "တိုက်တေနီယမ်အဆင့် နတ်ဆိုးခန္ဓာကိုယ် ကျင့်စဉ်" လေ့ကျင့်နည်းအားဖတ်နေပါတယ်။ ထိုကျင့်စဉ်မှာ အမှန်တကယ်တွင် လူသဲ အိတ်များအတွက် ပြုလုပ်ထားသော သာမန်ကျင့်စဉ်တစ်ခုသာဖြစ်တယ်။

ထို့အပြင် ခေတ်အဆက်ဆက်၌ မည်သူမှ ယခုလင်းဖန်အဆင့်ထိရောက်အောင် ကျင့်နိုင်သော မှတ်တမ်းမရှိခဲ့။

နောက်တစ်နေ့ မိုးလင်းလျှင်လင်းချင်း လင်းဖန်ပြုလုပ်သည့်အလုပ်မှာ ဘောင်းဘီဇစ်ဖွင့်၍ ဖွားဖက် တော်၏အခြေအနေကိုကြည့်ခြင်း ဖြစ်ပါတယ်။ ညီမောင်မှာ ယမန်နေ့က လင်းဖန်ပြုမူပုံကို ယခုအခါ၌ ဘာမှမဖြစ်သလို သာသာယာယာရှိနေပုံမြင်ရသော် လည်း လင်းဖန်မှာ စိတ်မချနိုင် ဖြစ်နေပါတော့တယ်။
လင်းဖန်မှာလည်း လူသတ်သကဲ့သို့ ဆိုးရွားလှသော ထိုတိုက်ကွက်ကို ထပ်မံအသုံးမပြုတော့ရန် ဆုံးဖြတ် ချက်ချလိုက်ပါတော့တယ်။ ထိုအချိန်မှာပဲ တံခါးခေါက်သံထွက်ပေါ်လာပါတယ်။

"ဒေါက် ဒေါက် ဒေါက်"

"ငါ့က်ိုဘယ်သူလာရှာပါလိမ့် ဟန်လုများလား ဟာ အကိုဟန်မဖြစ်နိုင်ဘူး။ အကိုဟန်ဆို တံခါးကိုပြေးကန်ပြီးဝင်လာမှာ" လင်းဖန်မှာ ဆက်တွေးနေပေမယ့်
အခန်းအား အနည်းငယ်ရှင်းလင်းကာ အခန်းတံခါး
ဖွင့်ပေးလိုက်ပါတယ်။

"အဲ ဘယ်သူလဲမသိဘူး"
လင်းဖန်မှာ တံခါးဖွင့်လျှင်ဖွင့်ချင်း သူမသိသောသူစိမ်းတစ်ယောက်မျက်နှာကို မြင်လိုက်ပါတယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now