အပိုင်း (၁၈)

110 6 0
                                    

Unicode

လင်းဖန်မှာ အစောပိုင်း ကောင်းကင်အဆင့် ၆ ရှိသော
ဝမ်တန်းဖန်၏အထိုးခံရသော်လည်း ရမှတ် ၁၀ မှတ်သာရရှိခဲ့ရာ သူ၏《ထာဝရ နတ်ဆိုးခန္ဓာကိုယ်》အား အဆင့်မြှင့်တင်ရန် ပိုမိုခက်ခဲလာပြီဖြစ်ကြောင်း သဘောပေါက်လာပါတယ်။

ထို့အတွက် ရှေ့ဆက်၍မည်သို့အဆင့်တက်အောင်လုပ်ရမလဲဟူ၍ ခေါင်းခြောက်စပြုလာပါတယ်။ အပြင်စည်းတပည့်များမှာ အလွန်များပြားလှပြီး
ဝမ်တန်းဖန်ထက် အဆင့်မြင့်သူများလည်း မနည်းလှပေ။ သို့ရာ၌ တစ်ဆင့်နှစ်ဆင့်လောက်သာဖြစ်ရာ
သူ၏《ထာဝရ နတ်ဆိုးခန္ဓာကိုယ်》အဆင့်မြှင့်တင်ရာ၌ ထိရောက်မူမရှိပေ။ လင်းဖန်မှာစိတ်ပျက်လက်ပျက်နှင့် သက်ပြင်းသာချနေရပါတယ်။
လင်းဖန်မှာ အကိုနီနှင့်အကိုယင်တို့လောက်သာ နှစ်နှစ်ကာကာခင်မင်ရာ သူတော်စင်နတ်ဆိုးဂိုဏ်း၌နေရခြင်းကို ငြီးငွေ့လာပါတယ်။

လင်းဖန်မှာစိတ်ထွေကာ ဦးတည်ရာမဲ့လျှောက်သွားနေရာမှ ရုတ်တရက် အိမ်တစ်အိမ်ရှေ့တွင်ရပ်လိုက်သည် ထိုအိမ်မှာ ဂိုဏ်းတူအကိုတစ်ယောက်ဖြစ်သော ဟန်အစ်ကို၏နေအိမ်ဖြစ်ပါတယ်။

လင်းဖန်မှာ ဟန်အစ်ကိုအား ဂိုဏ်းတူအကိုဟူ၍
အထင်တကြီးနဲ့အားကိုးခဲ့သော်လည်း ယခုမူ အလွန်ပင်စိတ်ပျက်နေပါတယ်။ အဘယ်ကြောင့်ဆိုသော် ဟန်လုမှာ ဝါစဉ်ကိုအသုံးချ၍လူစုကာ မိမိအားထိုးစေရန်《မျောက်မင်း မက်မွန်သီးဆွတ်ဟန်》ဖြင့် ဟန်လု၏ ရှားပါးမက်မွန်သီးနှစ်လုံးခိုးခဲ့သော်လည်း မည်သို့မျှမတုံ့ပြန်ပေ။

မိမိအားတွေ့လျှင်ပင် ဘာမှမဖြစ်ခဲ့သလိုဖြစ်နေရာ လင်းဖန်မှာ ဟန်လုအပေါ် အလွန်ပင်စိတ်ပျက်ခဲ့ပါတယ်။ ထို့အပြင် သူ၏ 《တိုက်တေနီယံ နတ်ဆိုးခန္ဓာကိုယ်》မှ 《ထာဝရ နတ်ဆိုးခန္ဓာကိုယ်》သို့
အဆင့်မြင့်တက်သွားသည်ဖြစ်ရာ အစောပိုင်း ကောင်းကင်အဆင့် ၄ သာရှိသော ဟန်လုမှာ လင်းဖန်အား မည်သည့်ရမှတ်မှ ပေးနိုင်တော့မည်မဟုတ်ပေ။ သို့ရာ၌ ဟန်လု၏နေအိမ်ရှေ့သို့ ရောက်နေသည်ဖြစ်ရာ မဝင်ပဲထွက်သွားလျှင် ရိုင်းရာကျမည် ဝင်ရောက် ၍ အလာပသလာပပြောဆိုခြင်းဖြင့် ဟန်လုနှင့် ဆက်ဆံရေးတိုးတက်နိုင်ပါတယ်။ လင်းဖန်မှာ ယခုကဲ့သိုစဉ်းစားမိသည်ဖြစ်သော်လည်း သူ၏အဓိကအလုပ်မှာ မက်မွန်းသီးများအားခူး၍ 《မျောက်မင်း မက်မွန်သီးဆွတ်ဟန်》သိုင်းလေ့ကျင့်ရန်ဖြစ်ပါတယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now